spot_img
Tuesday, February 17, 2026
More
    spot_img
    Homeသတင်းလောင်းလုံတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

    လောင်းလုံတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

    -

    တနင်္သာရီတိုင်း၊ လောင်းလုံမြို့က အမျိုးသားတစ်ဦး ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့ ညပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း မြို့ခံတို့ထံမှ သိရသည်။

    ပစ်သတ်ခံရသူသည် အသက် ၄၀ နှစ်အရွယ်ရှိ ဦးအောင်ဆန်းဦးဆိုသူဖြစ်ပြီး ယမန်နေ့ ည ၆ နာရီခွဲအချိန်ခန့်က လောင်းလုံးမြို့ (ဃ) ရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင် အမည်မသိသေနတ်သမားတို့က ဆိုင်ကယ်ဖြင့် ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောသည်။

    “ဦးအောင်ဆန်းဦးက သူ့အိမ်မှာပဲ သေနတ်နဲ့ ၃ ချက်အပစ်ခံလိုက်ရတယ်။ အခင်းဖြစ်တဲ့နေရာမှာပဲ သေဆုံးခဲ့ပါတယ်။ ဘယ်အဖွဲ့အစည်းက လုပ်သွားတယ်ဆိုတာကိုတော့ မသိရဘူး” ဟု အထက်ပါမြို့ခံက ဆက်ပြောသည်။

    ဦးအောင်ဆန်းဦးသည် ပျူစောထီးသင်တန်းဆင်းတစ်ဦးဖြစ်ပြီး၊ သေနတ်ကိုင်ဆောင်ထားသူဖြစ်ကြောင်းကြောင်း ဒေသခံတို့အကြားပြောဆိုနေသော်လည်း သီးခြားအတည်မပြုနိုင်ခြင်းမရှိသေးပေ။ 

    ဦးအောင်ဆန်းဦးကို မည်သူတို့က မည်သည့်အကြောင်းကြောင့် ပစ်သတ်ခဲ့သည်ကိုလည်း လွတ်လပ်သောမွန်သတင်းအေဂျင်စီအနေဖြင့် အတည်မပြုနိုင်သေးပေ။

    ဦးအောင်ဆန်းဦး၏ ရုပ်အလောင်းကို ညတွင်းချင်း အရေးပေါ်လူနာတင်ယာဉ်ဖြင့် တင်ဆောင်သွားကြောင်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ဆေးမှု လာရောက်လုပ်ဆောင်သွားကြောင်း မြို့ခံတို့၏ ပြောကြားချက်များအရ သိရသည်။

    ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက စစ်ကောင်စီသတင်းပေးနှင့် ပျူစောထီးဆိုသူ အမျိုးသမီး ၂ ဦးနှင့် အမျိုးသားတစ်ဦးအသတ်ခံခဲ့ရသလို ဖေဖေါ်ဝါရီလအတွင်း၌လည်း အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁ ဦး အသတ်ခံခဲ့ရကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks