spot_img
Tuesday, February 17, 2026
More
    spot_img
    Homeသတင်းစစ်အာဏာရှင်ပြုတ်ကျအောင် နည်းပေါင်းစုံနဲ့ လုပ်ရမည်

    စစ်အာဏာရှင်ပြုတ်ကျအောင် နည်းပေါင်းစုံနဲ့ လုပ်ရမည်

    -

    အရပ်သားထံမှ အာဏာသိမ်းယူထားသည့် မြန်မာ့စစ်တပ်ကို ပြုတ်ကျအောင် နည်းပေါင်းစုံနဲ့ လုပ်ဆောင်ရမှာဖြစ်သည်ဟု မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ‌ဒေါက်တာ လှကျော်စောက ပြောသည်။

    လက်ရှိ စစ်ကောင်စီအနေဖြင့် ၎င်းတို့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် နည်းသဏ္ဍာန် ပေါင်းစုံဖြင့် ကြိုးစားလုပ်ဆောင်နေသည်ဟု ၎င်းက ဆိုသည်။

    “လက်နက်ကိုင်တော်လှန်ရေးလုပ်နိုင်တဲ့သူက လုပ်၊ ကျန်တဲ့ နည်းသဏ္ဍာန်ပေါင်းစုံနဲ့လည်း လုပ်နိုင်တဲ့ သူက လုပ်ပြီးတော့ ဒီစစ်အာဏာရှင်စနစ်ချုပ်ရေးကိုပဲ ကျမတို့ ရှေ့ရှုပြီးလုပ်နေတယ်၊ သူတို့ဘာလုပ်လုပ်၊ သူတို့ လုပ်သမျှဟာကို ကျမတို့က သတ်မှတ်ထားတာက သူတို့လုပ်တာတွေက စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ဖို့အတွက် နည်းသဏ္ဍာန်ပေါင်းစုံ လုပ်နေတာ၊ ကျမတို့ကလည်း ဒီစစ်အာဏာရှင်မရှိမှ တိုင်းပြည်ညီညွတ်မယ်၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မယ်၊ ပြည်သူတွေ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာနေရမှာဖြစ်တဲ့အတွက် နည်းသဏ္ဍာန်ပေါင်းစုံနဲ့ ပြုတ်အောင် လုပ်ရမယ်၊ အဲဒီတော့ သူတို့လည်း သူတို့လမ်းနဲ့ သူတို့လုပ်ပါစေပေါ့ဗျာ၊ ကျမတို့လည်း ကျမတို့ နည်းနာသဏ္ဍာန် ပေါင်းစုံနဲ့ အဓိက ညီညီညွတ်ညွတ် ဟန်ချက်ညီညီနဲ့ ကျမတို့ ပြောနေတဲ့ ပြိုင်တူတွန်းရင် ရွေ့ပါတယ်။ အားလုံးညီညီညွတ်ညွတ် စစ်အာဏာရှင်စနစ်ကို မကြိုက်တဲ့လူ အားလုံးပါအောင် စည်းရုံးရမယ်၊ ရှေ့လျှောက်ခရီးက ကြမ်းတမ်းမယ်၊ ခက်ခဲမယ်၊ သို့သော် တနေ့ကျမတို့ အောင်မှာပါ” ဟု ပြောသည်။

    စစ်ကောင်စီအနေဖြင့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုးစားလုပ်ဆောင်နေပြီး အဆိုပါ ရွေးကောက်ပွဲမှာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေး လုပ်ဆောင်နေခြင်း ဖြစ်တာကြောင့် မပျက်ပျက်အောင် ဖျက်ရမည်ဟု ဒေါက်တာလှကျော်စောက ပြောသည်။

    ရွေးကောက်ပွဲကို ပျက်အောင်ဖျက်ပါက စစ်ကောင်စီအတွက် အာဏာဆက်ယူရေး အကြောင်းပြချက် တစ်ခုရသွားမှာ ဖြစ်သည်ဟု မတူညီသော အမြင်ကို အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ (NUD) ဥက္ကဋ္ဌ ဦးစိန်ဝင်းက ပြောသည်။

    “အဲဒီလို မပျက်ပျက်အောင် ဖျက်မယ်လို့ ပြောလေလေ ဟိုဟာက ပိုကြိုက်လေပေါ့၊ သူ့အတွက် အကြောင်းပြစရာရှိတာပေါ့၊ အန်ကယ်တို့ကတော့ ဒီပွဲမှာကတော့ ပုဂ္ဂိုလ်မစွဲပါဘူး။ စနစ်တစ်ခုကို ပြောင်းနိုင်ဖို့အတွက် လူလည်း ပြောင်းမယ်၊ စနစ်လည်း ပြောင်းနိုင်တယ်၊ နိုင်ငံရေး အသွင်သဏ္ဍာန် တစ်ခုကိုရောက်ဖို့အတွက် အန်ကယ်တို့ကတော့ ဇွဲရှိရှိနဲ့ အန်ကယ်တို့ ကြိုးစားမယ် လက်ရှိ ရွေးကောက်ပွဲလည်း ဝင်နိုင်တဲ့ နေရာမှာ ဝင်အောင်ကြိုးစားမယ်၊ ကိုယ့်ပါတီ တစ်ခုတည်း ဝင်မရရင် ပါတီအားလုံးပေါင်းပြီးတော့ တစ်ခုအောက်မှာ အန်ကယ်ဝင်မယ်” ဟု ပြောသည်။

    စစ်ကောင်စီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများ ထုတ်ပြန်ထားပြီး လာမည့် ဩဂုတ်လအတွင်း ရွေးကောက်ပွဲ ကျင်းပသွားမည်ဟု ပြောကြားထားသည်။

    အခြားတဖက်မှာတော့ စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲ မပျက်ပျက်အောင် ဖျက်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီ သမ္မတ ဒူဝါလရှီးလက ပြောကြားထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks