spot_img
Tuesday, February 17, 2026
More
    spot_img
    Homeသတင်းမြန်မာပွဲစားအသတ်ခံရမှုတွင် ထိုင်းရဲက မြန်မာအလုပ်သမားလေးဦးကို ဖမ်းဆီး

    မြန်မာပွဲစားအသတ်ခံရမှုတွင် ထိုင်းရဲက မြန်မာအလုပ်သမားလေးဦးကို ဖမ်းဆီး

    -

    ထိုင်းနိုင်ငံ၊ စမွတ်ပရကန်ခရိုင်တွင် မြန်မာပွဲစားတစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်ပြီး သံသယရှိသူ မြန်မာအလုပ်သမားလေးဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်ဟု ထိုင်းသတင်းဌာနတို့၏ ဖော်ပြချက်အရ သိရသည်။

    ဖမ်းဆီးခံထားရသည့် မြန်မာအလုပ်သမားလေးဦးကို ဘန်ပူရဲစခန်းက ဖေဖော်ဝါရီ ၁၅ ရက်နေ့ နေ့လယ်ပိုင်းတွင် အခင်းဖြစ်ပွားရာနေရာသို့ ခေါ်ဆောင်လာပြီး အမှုအတွက် သရုပ်ပြစေခိုင်းခဲ့သည်ဟု ဆိုသည်။

    အသတ်ခံရသူသည် အသက် ၂၃ နှစ်အရွယ် ကိုဗိုလ်မိုးဟိန်းအမည်ရှိ မြန်မာပွဲစားတစ်ဦးဖြစ်ပြီး တရားခံအဖြစ် ဖမ်းဆီးခံထားရသူများသည် အသက် ၂၀ နှစ်မှ ၂၆ နှစ်အတွင်း မြန်မာအလုပ်သမားများဖြစ်သည်။

    သေဆုံးသူ ဗိုလ်မိုးဟိန်းသည် မြန်မာနိုင်ငံသားများနှင့် ကမ္ဘောဒီးယားနိုင်ငံသားများကို ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရန်အတွက် ခေါ်ယူပေးသော အလုပ်သမားပွဲစားတစ်ဦးဖြစ်ပြီး စက်ရုံများနှင့် ချိတ်ဆက်ကာ ရွှေ့ပြောင်းအလုပ်သမားများကို အလုပ်လျှောက်ပေးသောသူလည်းဖြစ်သည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကိုဗိုလ်မိုးဟိန်းကို ၄င်းနေထိုင်ရာ အခန်းတွင်း၌ ဝမ်းဗိုက်နှင့် နောက်ကျောတွင် ဓားဒဏ်ရာများဖြင့် သွေးအိုင်ထဲသေဆုံးနေသည်ကို တွေ့ရှိခဲ့ပြီး အမှုဖွင့်အရေးယူမှုများလုပ်ခဲ့သည်ဟု ထိုင်းသတင်းဌာနက ဖော်ပြထားသည်။

    ကိုဗိုလ်မိုးဟိန်း အသတ်ခံရမှုနှင့် ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး နှစ်ရက်အတွင်း အမှုအတွက်သံသယရှိသည်ဟုဆိုကာ မြန်မာအလုပ်သမားလေးဦးကို ဖမ်းဆီးခဲ့သည်။

    အဆိုပါ တရားခံများထဲမှ နှစ်ဦးကို ရယွန်းခရိုင်နှင့် အခြားနှစ်ဦးကို စမွတ်ပရာကန်ခရိုင်တွင် သီးခြားစီ ဖမ်းဆီးရသည်ဟု ဖော်ပြသည်။

    အဆိုပါ တရားခံမြန်မာအလုပ်သမားများသည် ၎င်းတို့၏ အလုပ်စမတ်ခ (အလုပ်လျှောက်ထားခ) ကို လာရောက်တောင်းယူခဲ့ရာမှ ငွေပြန်မပေးသဖြင့် အချင်းများပြီး သတ်ခဲ့မိခြင်းဖြစ်ကြောင်း ဝန်ခံခဲ့သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

    စက်ရုံတစ်ခုတွင် အလုပ်လျှောက်ထားရန်အတွက် ပွဲစားခ ဘတ် ၁၀၅၀၀ ကို ပေးချေခဲ့သော်လည်း ပွဲစားက ၄င်းတို့အား မလှိမ့်တပတ်လုပ်နေသဖြင့် ငွေပြန်အမ်းပေးရန် တောင်းဆိုခဲ့သော်လည်း ပြန်မပေးနိုင်ကြောင်း ပြောခဲ့သဖြင့်ပါလာသောဓားဖြင့် ထိုးသတ်ခဲ့ကြောင်း ဝန်ခံသည်ဟု သိရသည်။

    ဓါးဖြင့်ထိုးခံရပြီးနောက် ကိုဗိုလ်မိုးဟိန်းမှာ လဲကျသွားပြီး ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းခဲ့သဖြင့်အသံမထွက်နိုင်စေရန် ပါးစပ်နှင့် လက်တို့ကို အဝတ်စားများဖြင့် ချည်နှောင်ထားခဲ့ပြီး သေဆုံးသူ၏ ဖုန်းနှင့် ငွေများကို ယူဆောင်ခဲ့ကာ အသီးသီးခွဲ၍ ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

    အဆိုပါ မြန်မာအလုပ်သမားသံသယတရားခံတို့ကို လူသတ်မှု၊ ခိုးမှုများဖြင့် ကနဦး အမှုဖွင့်အရေးယူမှုများပြုလုပ်ထားပြီး ထိုင်းနိုင်ငံ၏ တည်ဆဲဥပဒေများအရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနတို့တွင် ဖော်ပြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks