Friday, March 13, 2026
More
    spot_img
    Homeသတင်းသထုံတွင် ယာဉ်တိုက်မှုဖြစ် တစ်ဦးသေ၊ နှစ်ဦး ထိခိုက်ဒဏ်ရာရ

    သထုံတွင် ယာဉ်တိုက်မှုဖြစ် တစ်ဦးသေ၊ နှစ်ဦး ထိခိုက်ဒဏ်ရာရ

    -

    မွန်ပြည်နယ်၊သထုံမြို့နယ် မြေနီကုန်းကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပရဟိတလူမှုကူညီကယ်ဆယ်ရေးအသင်းတို့ထံမှ သိရသည်။ 

    ဖေဖေါ်ဝါရီလ ၁၅ ရက် ည ၇ နာရီအချိန်ခန့်က ဘီးလင်းမြို့ဘက်မှ သထုံမြို့ဘက်သို့ ကျော်သူထက် (၄၀) နှစ် မောင်းနှင်ပြီး၊ အောင်မြင့်စိုး (၅၃) နှစ် လိုက်ပါလာသည့် ၆ ဘီးယာဉ်သည် ရှေ့လားရာတူ သုံးဘီးဆိုင်ကယ်နှင့် ဆိုင်ကယ်တစ်စီးတို့ကို တိုက်မိခဲ့သည်ဟု ဆိုသည်။

    ယာဥ်တိုက်မှုကြောင့် သုံးဘီးဆိုင်ကယ် မောင်းနှင်သူ ဟန်ဝင်းသူ ၃၆ နှစ်သည် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားပြီး ဆိုင်ကယ်မောင်းနှင်သူ ကျော်သူ (၃၈) နှစ်နှင့် နောက်တွင် စီးနင်းလိုက်ပါလာသည့် ဒေါ်စုလှိုင် ၄၆ နှစ်တို့ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

    “၆ ဘီးကားက ဘီးလင်းဘက်ကနေ သထုံဘက်ကိုမောင်းလာရင်းနဲ့ ရှေ့က သုံးဘီးဆိုင်ကယ်ကို တိုက်မိတာ၊ နောက်မော်တော်ဆိုင်ကယ်တစ်စီးကိုပါ ဆက်ပြီး တိုက်မိသွားတယ်။ ကားက ကုန်အပြည့်ပဲ။ ယာဉ်တိုက်မှုဖြစ်တဲ့အချိန်မှာ လမ်းစောင်းကိုနင်းမိတာနဲ့တူတယ်။ ၆ ဘီးကားက ပက်လက်လှန် အနေအထားမျိုးနဲ့ တိမ်းမှောက်နေတာတွေ့ရတယ်” ဟု သထုံမြို့မှ ပရဟိတအရေးပေါ်လူမှုကူညီကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

    ယာဉ်တိုက်မှုကြောင့် ဒဏ်ရာပြင်းထန်စွားရရှိခဲ့သည့် အမျိုးသမီးအား မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရကြောင်းလည်း ၎င်းက ဆက်ပြောသည်။

    အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ၆ ဘီးယာဉ်မောင်းဖြစ်သူ ကျော်သူထက်အား သက်ဆိုင်ရာ သထုံမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks