spot_img
Wednesday, February 18, 2026
More
    spot_img
    Homeသတင်းမော့ကနင်ကျေးရွာက လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ

    မော့ကနင်ကျေးရွာက လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ကျေးရွာမှ လုပ်ငန်းရှင်တစ်ဦးကို စစ်ကောင်စီတပ်တို့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

    မော့ကနင်ကျေးရွာမှ လုပ်ငန်းရှင်တစ်ဦးဖြစ်သူ နိုင်တင့်ဝေကို ဖေဖော်ဝါရီ ၁၄ ရက်နေ့ နေ့လည် ၁၁ နာရီအချိန်က မော့ကနင်ကျေးရွာအခြေစိုက် စစ်ကောင်စီ အမှတ် ၁၀၆ တပ်ရင်းမှ ဖမ်းဆီးခေါ်ဆောင်ခဲ့သည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။

    “ဘာကြောင့် သူတို့ (စစ်ကောင်စီတပ်) က အခုလို ဖမ်းဆီးသွားလဲဆိုတာ ဘယ်သူမှ မသိကြဘူး” ဟု မော့ကနင်ဒေသခံတစ်ဉီးက ပြောသည်။

     နိုင်တင့်ဝေသည် မော့ကနင်းကျေရွာတွင် ဓာတ်ဆီဆိုင်၊ ဆေးဆိုင်နှင့် အိမ်ဆောက်ပရိဘောဂပစ္စည်းရောင်းဝယ်ရေးဆိုင်များ ဖွင့်လှစ်ထားသည့် လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ကျောင်းဒါယိကာတစ်ဦးလည်းဖြစ်သည်ဟု သိရသည်။

    မော့ကနင်ကျေးရွာတွင် ယခုရက်ပိုင်းအတွင်း ဖမ်းဆီးခံရမှု ဆက်တိုက်ဖြစ်ပွားနေပြီး  နိုင်တင့်ဝေ အပါအဝင် ၄ ဦးထက်မနည်း ဖမ်းဆီးထားရပြီး မိသားစုဝင်တို့နှင့်လည်း အဆက်သွယ်မရရှိကြဘူးလို့လည်း ဒေသခံတို့က ပြောသည်။

    “ပြီးခဲ့တဲ့ ၂ ရက်ကလည်း ရွာက သစ်ဖြတ်နေတဲ့ လူ ၂ ယောက်လည်း အဲလိုပဲ အကြောင်းပြချက်မရှိပဲ ဖမ်းခံခဲ့ရတယ်” ဟု အခြားဒေသခံတစ်ဦးက ပြောသည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်နေ့ကလည်း ရေးမြို့နယ် မော့ကနင်ကျေးရွာမှ နိုင်ဗင်ဆိုသူကို စစ်ကောင်စီတပ်ဖွဲ့တို့က ရော်ဘာခြံတွင် ပစ်သတ်ခဲ့သေးသည်။

    စစ်တပ်အာဏာသိမ်းပြီးနောက် ရေးမြို့နယ်တွင် စစ်ကောင်စီတပ်တို့က အရပ်သားပြည်သူများကို အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးသတ်ဖြတ်တာ၊ လူ့အခွင့်အရေးချိုးဖောက်တာ ကျူးလွန်နေပြီး စစ်အုပ်ချုပ်ရေးကြေညာခဲ့သည့် ဖေဖော်ဝါရီ ၂ ရက်နေ့ နောက်ပိုင်း အခြေအနေပိုမိုစိုးရွားလာသည်ဟု ဒေသခံတို့က ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks