Friday, March 13, 2026
More
    spot_img
    Homeသတင်းရေးအခြေစိုက် ခမရ-၅၈၇ တပ်ရင်း ကင်းဂိတ်စခန်း တိုက်ခိုက်ခံရ

    ရေးအခြေစိုက် ခမရ-၅၈၇ တပ်ရင်း ကင်းဂိတ်စခန်း တိုက်ခိုက်ခံရ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ် အယုတောင်အခြေစိုက် စစ်ကောင်စီ ခမရ-၅၈၇ တပ်ရင်း ကင်းဂိတ်စခန်းကို မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း (MSRO) က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ရေးမြို့နယ်အခြေစိုက် စကခ (၁၉) လက်အောက်ခံ ခမရ-၅၈၇ တပ်ရင်း ကင်းစခန်းကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်ခန့်က ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခက်တိုက်ခိုက်ခဲ့ကြောင်း မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း (MSRO) က ထုတ်ပြန်ထားသည်။

    ခမရ-၅၈၇ ကင်းဂိတ်စခန်း ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဥ်အတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ အတိအကျ မသိရသေးကြောင်း မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်းက ထုတ်ပြန်ထားသည်။

    ကင်းဂိတ်စခန်းကို ပစ်ခက်တိုက်ခိုက်ပြီးနောက် မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း(MSRO)အဖွဲ့မှ ရဲဘော်များ အန္တရာယ်ကင်းရှင်းစွာဆုတ်ခွာနိုင်ခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။

    ခမရ-၅၈၇ တပ်ရင်း ကင်းဂိတ်စခန်း ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်တို့က လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုပြုလုပ်ခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီ ခမရ-၅၈၇ တပ်ရင်းကို ဒေသတွင်းလှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က မကြာခဏ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်လေ့ရှိပြီး ထိခိုက်သေဆုံးမှုလည်း ရှိခဲ့သည်ဟု သိရသည်။

    မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း (MSRO) အနေဖြင့် နောင်တွင်လည်း ရေးမြိုနယ်အတွင်းရှိ စစ်ကောင်စီနှင့်တကွ ဒေါက်တိုင်များကို အလျင်းသင့်သလို ရှင်းလင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks