spot_img
Wednesday, February 18, 2026
More
    spot_img
    Homeသတင်းမြန်မာလူငယ်များအကြား ရေပန်းစားလာသည့် Scuba Diving အားကစား

    မြန်မာလူငယ်များအကြား ရေပန်းစားလာသည့် Scuba Diving အားကစား

    -

    ရေနေသတ္တဝါများ၊ သန္တာကျောက်တန်းများနှင့် သဘာဝကျွန်းစုများကို လေ့လာနိုင်သည့် Scuba Diving (အသက်ရှူကိရိယာနှင့် ရေငုပ်ခြင်း) အားကစားသည် မြန်မာလူငယ်များအကြား ခေတ်စားလာသည်ဟု သိရသည်။

    Scuba Diving (အသက်ရှူကိရိယာနှင့် ရေငုပ်ခြင်း) အားကစားသည် ယခင်က ပြည်ပ ထိုင်းနိုင်ငံနှင့် အခြားနိုင်ငံတို့တွင် သွားရောက်ကစားနိုင်ပြီး ယခုအခါ မြန်မာပြည်တွင်း၌လည်း ကစားနိုင်ပြီး လူငယ်များ စိတ်ဝင်စားမှုမြင့်တက်လာသည့် ကစားနည်းတမျိုးဖြစ်လာသည်။ 

    မြန်မာနိုင်ငံတွင် ပထမဆုံး Scuba Diving သင်တန်းဖွင့်လှစ်ထားသည့် Myanmar Diving Center ကတော့ ယခင်က scuba diving နှင့် snorkeling လုပ်ကြသူ တစ်လလျှင် ပျမ်းမျှ ၁၅ ယောက်ကနေ အယောက်၂၀ ရှိခဲ့ပြီး  ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလမှစပြီး တစ်လလျှင် ပျမ်းမျှ ၂၅ ယောက်ကနေ အယောက် ၃၀/ ၄၀ လောက်အထိရှိလာသည်ဟု ဆိုသည်။

    ယခုအခါ  Scuba Diving  လာကစားသူ တစ်ရက်လျှင် ၄ ယောက်၊ ၅ ယောက်အထိရှိသည်ဟုလည်း ပြောသည်။ 

    “ဟိုးအရင်တုန်းက Diving ကို ထိုင်းနိုင်ငံနဲ့  အခြားနိုင်ငံတွေမှာ သွားလုပ်ရတယ်၊ ပိုက်ဆံလည်းအများကြီးပေးရတယ်ပေါ့နော်၊ အကျိုးအမြတ်တခုဘဲ ကြည့်ပြီး လုပ်တာမဟုတ်ပါဘူး၊ ပင်လယ်မှာရှိတဲ့ သန္တာကျောက်တန်းတွေကို ထိန်းသိမ်းပေးဖို့အတွက် ဒီစင်တာကို ဖွင့်ဖြစ်တာပါ။ ဒီအားကစားကို အခုလို စိတ်ဝင်စားကြလို့ရော ဂုဏ်ယူမိတယ်”ဟု Myanmar Diving Center က ဆက်ပြောသည်။ 

    Scuba Diving ကို ငွေဆောင်နှင့် ညောင်ဦးဖီကျွန်း မြိတ်ကျွန်းစုနှင့် မြန်မာ့ကမ်းရိုးတမ်းတစ်လျှောက် အဓိက ကစားကြပြီး အခြေခံ လေ့လာချင်သူများအတွက်ကတော့ ရန်ကုန် Training Center တွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ 

    ၎င်းပြင် Diving ကျွမ်းကျင်သူများစုစည်းပြီး ရခိုင်ကမ်းရိုးတန်း၊ တနင်္သာရီကမ်းရိုးတန်းနှင့် မြန်မာ့ကမ်းရိုးတန်းတလျှောက်က ရေအောက်သင်္ဘောပျက်များကို လေ့လာရန်၊ သန္တာကျွန်းစုများ၊ ရေနေသတ္တဝါများ လေ့လာရန်နှင့် ရေအောက်ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ အမှိုက်ကင်းစင်ရေးလုပ်ဆောင်ချက်များလည်း လုပ်ဆောင်သွားရန် ရှိနေသည်ဟုလည်း သိရသည်။ 

    “သင်ဟာဘယ်လောက်ပဲ ခရီးတွေသွားနေပါစေ … ရေအောက်ထဲငုတ်ပြီး ရေအောက်ကမ္ဘာကို မလေ့လာဖူးရင် ကမ္ဘာပတ်ဖူးတာ စုံတယ်လို့ပြောလို့ မရပါဘူး ဆိုပြီးစကားလေးရှိတာမှတ်မိသွားတယ် ရေအောက်မှာ အဲ့လောက်လှတဲ့ သန္တာကျောက်တန်းတွေ၊ မလေ့လာဖူး မမြင်ဖူးတဲ့ သတ္တဝါလေးတွေကို တွေ့ရတော့ နောက်တစ်ခါထပ်လာဆင်းအူးမယ်ဆိုပြီး ဖြစ်ခဲ့တဲ့အထိပဲ” ဟု Htet Ei’s Journey ပေ့ချ်ပိုင်ရှင်က သူမ၏ scuba diving အတွေ့အကြုံကို မှတ်ချက်ပြုထားသည်။ 

    Scuba Diving  ကစားနိုင်ရန်အတွင် အသက်ရှူပုံ ရှုနည်း၊ ရေငုပ်ကိရိယာအသုံးပြုနည်းနှင့် ရေအောက်မှာ အချင်းချင်းဆက်သွယ်သည့်နည်း စသည့်အခြေခံနည်းစနစ်များကို သင်တန်းကြေး ကျပ် ၆၄၀၀၀ ကနေစတင် သင်ယူနိုင်ပြီး ကမ်ရိုးတန်းတွေမှာ အပျော်တမ်းရေငုပ်တာကိုတော့ ကျပ်၂၃၀၀၀၀ ကနေ စတင်ပြီးရှိသည်ဟု Scuba Diving  ကစားသူအသိုင်းအဝိုင်းတို့ထံမှ သိရသည်။ 

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks