spot_img
Wednesday, February 18, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ် တောင်ဘုံနှင့် အာရုတောင်ကျေးရွာချင်းဆက်တံတား မိုင်းဖောက်ခွဲခံရ

    ရေးမြို့နယ် တောင်ဘုံနှင့် အာရုတောင်ကျေးရွာချင်းဆက်တံတား မိုင်းဖောက်ခွဲခံရ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့ တောင်ဘုံကျေးရွာနှင့် အာယုတောင်ကျေးရွာချင်းဆက်ကွန်ကရစ်တံတား မိုင်းဖာက်ခွဲခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။

    တောင်ဘုံကျေးရွာနှင့် အာယုတောင်ကျေးရွာချင်းဆက်ကွန်ကရစ်တံတားသည် ဒေသခံတို့ ကိုယ်ထူကိုယ်ထဖြင့် တည်ဆောက်ထားသည့်တံတားတစ်စင်းဖြစ်ပြီး ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ည ၁၁ နာရီခွဲဝန်းကျင်အချိန်ခန့်က

     မိုင်းခွဲဖျက်ဆီးခံရခြင်းဖြစ်သည်။

    “ဘက်ခေတ်က အစိုးရက ချပေးတာ ဘာမှ မရှိခဲ့ပါဘူး။ ကိုယ့်ငွေနဲ့ ကိုယ် ကိုယ့်အင်အားနဲ့ ကိုယ် လုပ်ထားခဲ့ရတော့ နှမြောတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

    မိုင်းဖောက်ခွဲခံရမှုကြောင့် တံတားအစိတ်အပိုင်းတချို့ ပျက်ဆီးသွားပြီး လက်ရှိတွင်

    ကားငယ်များ ဖြတ်သန်းသွားလာလို့ရသော်လည်း ကုန်တင်ကားများ ဖြတ်သန်းသွားလာခွင့် ပိတ်ထားခဲ့ရသည်ဟုလည်း သိရသည်။

    “တောင်ဘုံ- အာယုတောင်တံတားကြီးနဲ့ တောင်ဘုံ-သောင်ပြင်တံတားကြီး နှစ်စင်းစလုံးမှာ အစိုးရက ပေးထားတဲ့တံတားမဟုတ်လို့ နောက်ထပ်လာမဖျက်ဆီးကြပါနဲ့” ဟု အခြားဒေသခံတစ်ဦးက ပြောသည်။

    ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းကလည်း လမိုင်းမြို့နှင့် သောင်ပြင်ကျေးရွာကြားဆက်သွယ်ထားသည့် တံတားလည်း မိုင်းဖောက်ခွဲခံခဲ့ရသေးသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks