spot_img
Wednesday, February 18, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင် ခွေးရူးကိုက်ခံရမှုများလာပြီး အသက်သေဆုံးမှုပါ ရှိလာ

    မွန်ပြည်နယ်တွင် ခွေးရူးကိုက်ခံရမှုများလာပြီး အသက်သေဆုံးမှုပါ ရှိလာ

    -

    မွန်ပြည်နယ်တွင် ပြီးခဲ့သည့် ၆ လအတွင်းက ခွေးရူးကိုက်ခံရသူ ၆၈ ဦး အထိ ရှိခဲ့ပြီး ကလေးငယ်တစ်ဦး အသက်သေဆုံးခဲ့ရကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ ထုတ်ပြန်ထားသည့်စာရင်းများအရ သိရသည်။

    ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလမှ ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလဆန်းပိုင်းအထိ ပြည်နယ်အတွင်း ခွေးရူးကိုက်ခံရသူ ၆၈ ဦးရှိခဲ့သည့်အနက် ပေါင်မြို့နယ်တွင် ၄၅ ဦး၊ ချောင်းဆုံမြို့နယ်တွင် ၇ ဦး၊ မော်လမြိုင်မြို့နယ်တွင် ၁၀ ဦး၊ မုဒုံမြို့နယ်တွင် ၄ ဦးနှင့် ဘီးလင်းမြို့နယ်တွင် ၂ ဦး ရှိခဲ့သည်။

    ခွေးရူးအကိုက်ခံခဲ့ရသူများအား ခွေးရူးပြန်ကာကွယ်ဆေး (RV) နှင့် ခွေးရူးပြန်ကာကွယ်ဆေး ပဋိပစ္စည်း (RIG) ကို အချိန်မီ ထိုးနှံနိုင်ခဲ့သည့်အတွက် လူနာ ၆၇ ဦးမှာ အသက်ရှင်ခဲ့သော်လည်း ကာကွယ်ဆေး အချိန်မီ မထိုးနိုင်ခဲ့သည့် ဘီးလင်းမြို့နယ် ဇုတ်သုတ်ကျေးရွအုပ်စု၊ မုသင်ကျေးရွာမှ ကလေးငယ်တစ်ဦးကတော့ အသက်သေဆုံးခဲ့ရသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    “ခွေးရူးအကိုက်ခံရသူ အရေအတွက်က မွန်ပြည်နယ်အတွင်းမှာ ခွေးရူးရောဂါသည် ပြည်သူ့ကျန်းမာရေးပြဿနာ တစ်ရပ်ဖြစ်နေပြီးဆိုတာကို ဖေါ်ပြနေတယ်လို့ ဆိုလို့ရပါတယ်”ဟု အထက်ပါ ကျန်းမာရေးတာဝန်ရှိသူက ပြောသည်။

    လက်ရှိအခြေအနေအရ ခွေးအကောင်ရေ၏ ၇၀ ရာခိုင်နှုန်းကို ကာကွယ်ဆေး မဖြစ်မနေထိုးနှံရန် လိုအပ်နေပြီး နေအိမ်တွင် မွေးမြူထားသည့်ခွေးများကိုလည်း ပိုင်ရှင်များ တာဝန်ယူပြီး ကာကွယ်ဆေး မဖြစ်မနေထိုးနှံရန် လိုအပ်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။

    ၎င်းပြင် လမ်းဘေးခွေးများကိုလည်း သုတ်သင်ရှင်းလင်းမှုမပြုလုပ်စေချင်လျှင် တိရိစ္ဆာန်ချစ်သူများ စုပေါင်းကာ လမ်းဘေးခွေးများအား ကာကွယ်ဆေးများ စနစ်တကျ ထိုးပေးစေလိုကြောင်းလည်း ဆိုသည်။

    ခွေးရူးကိုက်ခံရမှုအများဆုံးဖြစ်သည့် ပေါင်မြို့နယ်မှာတော့ ခွေးများကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလက သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကွင်းဆင်းကာ ခွေးရူးပြန်ကာကွယ်ဆေးများ ထိုးနှံပေးနေကြောင်း မြို့ခံပြည်သူတို့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks