spot_img
Wednesday, February 18, 2026
More
    spot_img
    Homeသတင်းဖက်ဒရယ်ပြည်ထောင်စုတွင် တန်းတူရေးအတွက် ဗမာပြည်နယ်အရေး စဉ်းစားသင့်ဟု NUCC ကိုယ်စားလှယ်တဦးမှ ပြောကြား

    ဖက်ဒရယ်ပြည်ထောင်စုတွင် တန်းတူရေးအတွက် ဗမာပြည်နယ်အရေး စဉ်းစားသင့်ဟု NUCC ကိုယ်စားလှယ်တဦးမှ ပြောကြား

    -

    ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်သည့် ၇၆ နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုခြင်း အထိမ်းအမှတ်နေ့ တွင် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်သည့် တိုင်းရင်းသားများ တန်းတူရေးကို ရည်စူးပြီး အခြားတိုင်းရင်းသားများ အနည်းတူ ဗမာ/မြန်မာတိုင်းရင်းသားများအတွက် ဗမာပြည်နယ် ရှိသင့်ကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC မှ ကိုယ်စားလှယ် လွေပိုးငယ်မှ အကြံပြုပြောကြားခဲ့ပါသည်။

    ယခင်နှစ်ကတည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ဖေဖော်ဝါရီ (၁၂) ရက်နေ့ တွဥင် ကျရောက်သည့် ပြည်ထောင်စုနေ့ အစား ပင်လုံစာချုပ်ချုပ်ဆိုခြင်း အထိမ်းအမှတ်နေ့ အဖြစ် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံလွတ်လပ်ရေးရရှိကတည်းက စစ်မှန်သော ပြည်ထောင်စု မရှိဖူးသည့်အတွက် ပြည်ထောင်စုနေ့ ဟု မခေါ်ဝေါ်သင့်ကြောင်း သဘောထားထုတ်ပြန်ခဲ့ပါသည်။

    ယခုနှစ်တွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရမှ ၇၆ နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုခြင်း အထိမ်းအမှတ်နေ့ အခမ်းအနားကို Zoom အွန်လိုင်းအစည်းဝေးပုံစံဖြင့် ကျင်းပခဲ့ပြီး အချို့ မီဒီယာတို့ မှ တိုက်ရိုက်ထုတ်လွင့်ခဲ့ပါသည်။

    အခမ်းအနားတွင် NUCC ကိုယ်စားလှယ် လွေပိုးငယ်က ပြောကြားရာတွင် "တန်းတူရေးအတွက် ပြောကြားတဲ့အခါ ကချင်တကျပ်၊ ကရင်တကျပ်၊ ဗမာတကျပ် အဲဒီလို တန်းတူဖို့ လိုပါမယ်။ ဒီနေရာမှာ ခေါင်းဆောင်တွေ စဉ်းစားသင့်တာက တန်းတူရေးအတွက်ဆို ဗမာပြည်နယ်ပေါ်ထွန်းရေးဟာလည်း အရေးကြီးတဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်" ဟု အကြံပြု ပြောကြားခဲ့ပေသည်။ 

    ၁၉၄၇ ခုနှစ်တွင် ပင်လုံစာချုပ်သဘောတူညီချက်အရ လွတ်လပ်ရေးရရှိပြီးနောက် မြန်မာနိုင်ငံအား ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရန် လွတ်လပ်ရေးခေါင်းဆောင်များ သဘောတူခဲ့သော်လည်း ဗမာ/မြန်မာနိုင်ငံခေါင်းဆောင်များ၏ အာဏာမက်မောမှု၊ ကတိမတည်မှုနှင့် လူမျိုးကြီးဝါဒ ကျင့်သုံးမှုကြောင့် ပင်လုံကတိကဝတ်များ ပျက်ပြယ်ခဲ့သည်ဟု NUG လက်ရှိယာယီသမတက ထောက်ပြခဲ့ပါသည်။

    NUG ယာယီသမတ ဒူးဝါလရှီလားက မိန့် ခွန်းပြောကြားရာတွင် ပင်လုံစိတ်ဓာတ်နှင့် ပင်လုံကတိကဝတ်တို့အား အကောင်အထယ်မဖော်နိုင်သည့် အခြေခံနိုင်ငံရေးပြဿနာကို ပြောကြားရာတွင် "အစိုးရအဆက်ဆက်က လူမျိုးကြီးဝါဒ ကြီးစိုးမှုနှင့် အာဏာမက်မောမှုများကြောင့် ပင်လုံစာချုပ်ကို အကောင်အထယ်ဖော်ဖို့ ပျက်ကွက်ခဲ့ကြလို့ တိုင်းရင်းသားများရဲ့ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်ရေးတွေဟာ လွတ်လပ်ရေးရပြီးကတည်းက ဆုံးရှုံးခဲ့ရပါတယ်"ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ၇၆ နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုခြင်း အထိမ်းအမှတ်နေ့သို့ တိုင်းရင်းသားခေါင်းဆောင်များ ဖြစ်သည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီဥက္ကဌ ခူးဦးရယ်၊ ကရင်အမျိုးသားအစည်းအရုံးမှ အထွေထွေအတွင်းရေးမှုး ပဒိုတာဒိုမှုးတိ့ုလည်း တက်ရောက်ပြီး အမျိုးသားအတိုင်ပင်ခံကောင်စီ NUCC မှ ပြည်နယ်/လူမျိုးကိုယ်စားပြုကောင်စီ/ကော်မီတီများလည်း တက်ရောက်ခဲ့ပါသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks