spot_img
Thursday, February 19, 2026
More
    spot_img
    Homeသတင်းဘားအံမြို့ပေါ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်

    ဘားအံမြို့ပေါ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်

    -

    ကရင်ပြည်နယ်၊ ဘာအံမြို့ အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဖေဖော်ဝါရီ ၁၀ ရက်နေ့ နံနက်ပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း မြို့ခံတို့ထံမှ သိရသည်။

    ယနေ့ နံနက် ၆ နာရီအချိန်ခန့်က အမည်မသိအမျိုးသား ၂ ဉီးက ဆိုင်ကယ်ဖြင့် ရောက်လာပြီး အုပ်ချုပ်ရေးမှူးရုံးအား  လက်လုပ်ဗုံးဖြင့် လာရောက် ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း မြို့ခံတစ်ဦးက ပြောသည်။

    “လက်ပစ်ဗုံးပေါက်ကွဲအသံက အကျယ်ကြီးပဲ အဲဒီရုံးမှာ လူမရှိတော့ ဘယ်သူမှ မထိခိုက်သွားဘူး အဆောက်အုံတော့နည်းနည်းပျက်စီးသွားတယ်လို့” ဟု အဆိုပါ အုပ်ချုပ်ရေးမှူးရုံးအနီးနေ မြို့ခံတစ်ဦးက ပြောသည်။

    ဗုံးဖောက်ခွဲခံရမှုကြောင့် လူထိခိုက်မှုမရှိသော်လည်း အုပ်ချုပ်ရေးမှုရုံးအဆောက်အဦး အနည်းငယ် ထိခိုက်ပျက်ဆီးသွားကြောင်းလည်း သိရသည်။

    အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူရုံး ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး လမ်းပိတ်ဆို့ကာ စစ်ဆေးမှုများလုပ်ဆောင်ခဲ့သည်ဟုလည်း မြို့ခံတို့ထံမှ သိရသည်။

    ဘားအံမြို့တွင် စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ထားသည့်ကြားမှ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းလည်း မြို့ခံတို့က ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks