ကရင်ပြည်နယ်၊ ဘာအံမြို့ အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဖေဖော်ဝါရီ ၁၀ ရက်နေ့ နံနက်ပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း မြို့ခံတို့ထံမှ သိရသည်။
ယနေ့ နံနက် ၆ နာရီအချိန်ခန့်က အမည်မသိအမျိုးသား ၂ ဉီးက ဆိုင်ကယ်ဖြင့် ရောက်လာပြီး အုပ်ချုပ်ရေးမှူးရုံးအား လက်လုပ်ဗုံးဖြင့် လာရောက် ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း မြို့ခံတစ်ဦးက ပြောသည်။
“လက်ပစ်ဗုံးပေါက်ကွဲအသံက အကျယ်ကြီးပဲ အဲဒီရုံးမှာ လူမရှိတော့ ဘယ်သူမှ မထိခိုက်သွားဘူး အဆောက်အုံတော့နည်းနည်းပျက်စီးသွားတယ်လို့” ဟု အဆိုပါ အုပ်ချုပ်ရေးမှူးရုံးအနီးနေ မြို့ခံတစ်ဦးက ပြောသည်။
ဗုံးဖောက်ခွဲခံရမှုကြောင့် လူထိခိုက်မှုမရှိသော်လည်း အုပ်ချုပ်ရေးမှုရုံးအဆောက်အဦး အနည်းငယ် ထိခိုက်ပျက်ဆီးသွားကြောင်းလည်း သိရသည်။
အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူရုံး ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး လမ်းပိတ်ဆို့ကာ စစ်ဆေးမှုများလုပ်ဆောင်ခဲ့သည်ဟုလည်း မြို့ခံတို့ထံမှ သိရသည်။
ဘားအံမြို့တွင် စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ထားသည့်ကြားမှ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းလည်း မြို့ခံတို့က ပြောသည်။