spot_img
Thursday, February 19, 2026
More
    spot_img
    Homeသတင်းကရင်လက်နက်ကိုင်နှစ်ဖွဲ့အကြား အခြေအနေတင်းမာလျက်ရှိ

    ကရင်လက်နက်ကိုင်နှစ်ဖွဲ့အကြား အခြေအနေတင်းမာလျက်ရှိ

    -

    ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၄ နှင့် ကော်သူးလေတပ်မတော်တို့အကြား အခြေနေတင်းမာလျက်ရှိကြောင်း သိရသည်။

    KNU တပ်မဟာ ၄ မှ PDF များ ဗိုလ်စောအယ်ခွီး ဦးဆောင်သည့် ကော်သူးလေတပ်ကနေ ထွက်ခွာကြရန် ဇန်နဝါရီ ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့ပြီးနောက် ဗိုလ်စောအယ်ခွီးဦးဆောင်သည့် ကော်သူးလေတပ်မတော်ဘက်ကလည်း PDF များအနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းနေသည့် အဖွဲ့အစည်းကနေ ထွက်ခွာကြရန် တန်ပြန် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

    ထိုနောက် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် KNU တပ်မဟာ ၄ နှင့် ဗိုလ်စောအယ်ခွီး ဦးဆောင်သည့် ကော်သူးလေတပ်မတော်တို့အကြား ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး နှစ်ဖက် အခြေအနေ ပိုတင်းမာလာခဲ့သည်။

    KNU တပ်မဟာ ၄ နှင့် ကော်သူးလေတပ်မတော်တို့အကြား အခြေအနေတင်းမာနေသည်နှင့် ပတ်သက်ပြီး KNU ဗဟိုကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း တစုံတရာ မှတ်ချက်ပြုလိုခြင်းမရှိသေးကြောင်း ပြောကြားခဲ့သည်။ 

    တပ်မဟာ ၄ နယ်မြေအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံတစ်ဦးကတော့ “အချင်းချင်းတင်းမာတဲ့ အခြေအနေကနေ ပိုဆိုးတဲ့အခြေအနေတခုရောက်သွားမှာကို စိုးရိမ်နေကြတယ်၊ အခုလို တကွဲတပြားဖြစ်နေတာက  ပြဿနာကို ပြီးမသွားနိုင်သလို ဘုံရန်သူဖြစ်တဲ့ စစ်တပ်ကို ဖြိုဖျက်နိုင်ဖို့ အချင်းချင်းညှိုနှိုင်းဆောင်ရွက်ပြီးလုပ်ဆောင်စေချင်တယ်၊ အခြားကိစ္စတွေကတော့ ကျနော်တို့ဝင်ရောက်စွက်ဖက်လို့ရတာမျိုး မဟုတ်လို့ မသိပါဘူး” ဟု ပြောသည်။ 

    KNU တပ်မဟာ ၄ နှင့် ကော်သူးလေတပ်မတော်တို့အနေနှင့် ကရင်ပြည်သူလူထု၏ မျက်နှာကိုထောက်ထားပြီး အမြန်ဆုံးဆွေးနွေးအဖြေရှာစေလိုကြောင်း တနင်္သာရီတိုင်းရှိ ကရင်ပြည်သူလူထုတို့က စာထုတ်ပြီး တောင်းဆိုထားသည်။ 

    ကရင်အဖွဲ့အချင်းချင်းကြား ပဋိပက္ခဖြစ်ပါက စစ်အာဏာရှင်စနစ်တော်လှန်ရေးတွင် ကောင်းကျိုးမရှိသည့်သက်ရောက်မှုသာ ဖြစ်လာနိုင်ပြီး ကရင်လူထုအပေါ်တွင်လည်း ကြီးမားသည့်ဆိုးကျိုးသာဖြစ်စေနိုင်ကြောင်းလည်း ကရင်ပြည်သူလူထုတို့က ထောက်ပြထားသည်။ 

     “ပစ်ခတ်မှုဖြစ်သွားပြီးတဲ့နောက်ပိုင်းမှာတော့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ကလည်း အသင့်အနေအထားမှာရှိနေကြတယ်။ တချို့ကလည်း သတင်းအမှားတွေ ရည်ရွယ်ချက်ရှိရှိ ဖြန့်တယ်ပေါ့နော်။ ပိုပြီးတော့ ပဋိပက္ခကြီးမားလာအောင် လုပ်တာဖြစ်တဲ့အတွက်ထောင်ချောက်တွေထဲကို မကျသွားဖို့အတွက် အရေးကြီးတယ်”ဟု တနင်္သာရီတိုင်းရှိ ကရင်ပြည်သူ နော်ထီးခူက ပြောသည်။ 

    အဆိုပါအခြေနေများကို ညှိနှိုင်းဆွေးနွေးပြီး ဘုံရန်သူဖြစ်သည့် အာဏာသိမ်းစစ်တပ်ကိုသာ တိုက်ထုတ်ကြရန်နှင့်အချင်းချင်းပြန်လည်ထိန်းကျောင်းမှုစနစ်ဖြင့် သွားကြရန် ကရင်ပြည်နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က သည်။ 

    ကရင်လက်နက်ကိုင်အချင်းချင်းအကြား ဖြစ်ပေါ်နေသည့် ပဋိပက္ခများကို ဖြေရှင်းရာတွင် လက်နက်ဖြင့် ဖြေရှင်းခြင်းကိုလည်း လုံးဝလက်ခံနိုင်မည်မဟုတ်ကြောင်း တနင်္သာရီတိုင်းရှိ ကရင်လူထုတို့က သဘောထား ထုတ်ပြန်ထားသည်

    ကော်သူးလေတပ်မတော်ကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လအတွင်းက ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ – KNDO ၏ စစ်ဦးစီးချုပ် တာဝန်မှ ရပ်ဆိုင်းခြင်း ခံခဲ့ရသည့် ဗိုလ်မှူးချုပ် စောနယ်ဒါးမြက ဖွဲ့စည်းခဲ့ပြီး KNU တပ်မဟာ ၄ နယ်မြေတွင် လှုပ်ရှားလျက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks