spot_img
Thursday, February 19, 2026
More
    spot_img
    Homeသတင်းအချင်းချင်းကြားပဋိပက္ခကို လက်နက်ဖြင့်ဖြေရှင်းခြင်းကို လက်မခံဟု တနင်္သာရီတိုင်းက ကရင်လူထုထုတ်ပြန်

    အချင်းချင်းကြားပဋိပက္ခကို လက်နက်ဖြင့်ဖြေရှင်းခြင်းကို လက်မခံဟု တနင်္သာရီတိုင်းက ကရင်လူထုထုတ်ပြန်

    -

    ကရင်လက်နက်ကိုင်အချင်းချင်းအကြား ဖြစ်ပေါ်နေသည့် ပဋိပက္ခများကို ဖြေရှင်းရာတွင် လက်နက်ဖြင့် ဖြေရှင်းခြင်းကို လုံးဝလက်ခံနိုင်သည့်အရာမဟုတ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးရှိ ကရင်လူထုတို့က သဘောထား ထုတ်ပြန်လိုက်သည်။

    ကရင်လက်နက်ကိုင်တပ်များဖြစ်သည့် ကော်သူးလေတပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၄ ဌာနချုပ်တို့မှ  ထုတ်ပြန်ထားသော စာများအရ တစ်ဖက်နှင့် တစ်ဖက် စစ်ရေးပိုမိုတင်းမာလာသည်ကို တွေ့ရကြောင်း ဖေဖော်ဝါရီ ၇ ရက်က ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်တွင် ကရင်လူထုတို့က ပြောဆိုထားသည်။

    ကရင်လက်နက်ကိုင်အချင်းချင်းအကြား လက်နက်ကိုင် အဖြေရှာခြင်းသည် ကရင်လူထုအတွက် ကောင်းမွန်သည့်ရလဒ်ကို မပေးခဲ့သလို ဆိုးရွားသည့် အခြေအနေသို့သာ တွန်းပို့ကြောင်း ကရင့်တော်လှန်‌ရေး၏ ခါးသီးသော အတွေ့အကြုံများမှလည်း သင်ခန်းစာများ ရယူစေလိုကြောင်း ထုတ်ပြန်ပါရှိသည်။

    ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၄ နှင့် ကော်သူးလေ တပ်မတော်တို့အနေနှင့်  ကရင်ပြည်သူလူထု၏ မျက်နှာကိုထောက်ထားပြီး အမြန်ဆုံးဆွေးနွေးအဖြေရှာ စေလိုကြောင်းနှင့် အကြမ်းဖက်အဖြေရှာခြင်းနည်းလမ်းသည် လူငယ်မျိုးဆက်သစ်များအတွက် မှန်ကန်ပြီး အတုယူဖွယ်ကောင်းသော အရာမဟုတ်သည့်အတွက် အမွေမပေးစေလိုကြောင်း ကရင်လူထုတို့က တောင်းဆိုထားသည်။

    တနင်္သာရီတိုင်းအတွင်းတွင် ကရင်လူမျိုးနှင်အတူ ကရင်မဟုတ်သော လူမျိုးစုများသည် ချစ်ခင်ရင်းနှီးစွာအတူတကွ ယှဥ်တွဲနေထိုင်နေပြီး ပဋိပက္ခကြီးထွားလာပါက ကရင်အမျိုးသားအတွင်းသာမက ကရင်မဟုတ်သော လူမျိုးစုများအကြား မလိုလားအပ်သည့် တင်းမာမှုများ၊ မုန်းတီးမှုများဖြစ်ပေါ်လာစေနိုင်ပြီး ပြည်သူလူထုအကြား စိတ်ဝမ်းကွဲမှု၊ မယုံကြည်မှုများကိုလည်းဖြစ်ပေါ်စေနိုင်သည်ဟုလည်း ပြောဆိုထုတ်ပြန်ထားသည်။

    ကော်သူးလေတပ်မတော်ကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လအတွင်းက ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ – KNDO ၏ စစ်ဦးစီးချုပ် တာဝန်မှ ရပ်ဆိုင်းခြင်း ခံခဲ့ရသည့် ဗိုလ်မှူးချုပ် စောနယ်ဒါးမြက ဖွဲ့စည်းခဲ့ပြီး KNU တပ်မဟာ ၄ နယ်မြေတွင် လှုပ်ရှားလျက်ရှိသည်။

    ပြီးခဲ့သည့် ဇန်နဝါရီ ၃၁ ရက်နေ့က တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင်အတွင်းရှိ PDF များ ဗိုလ်စောအယ်ခွီး ဦးဆောင်သည့် ကော်သူးလေတပ်ကနေ ထွက်ခွာကြဖို့ ကေအန်ယူ တပ်မဟာ ၄ က ကြေညာချက်ထုတ်ပြန်ခဲ့ပြီးနောက် ဗိုလ်စောအယ်ခွီးဦးဆောင်သည့် ကော်သူးလေတပ်မတော်ကလည်း PDF များအနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းနေသည့် အဖွဲ့အစည်းကနေ ထွက်ကြဖို့ တန်ပြန် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

    ထိုသို့ နှစ်ဖက် အပြန်အလှန်ကြေညာချက်ထုတ်ပြီးနောက် ကော်သူးလေနှင့် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၄ တို့အကြား စစ်ရေးတင်းမာနေသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks