spot_img
Friday, February 20, 2026
More
    spot_img
    Homeသတင်းလမိုင်းမြို့အနီးတွင် ဆိုင်ကယ်စီးလာစဥ် အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိ

    လမိုင်းမြို့အနီးတွင် ဆိုင်ကယ်စီးလာစဥ် အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့  ကြိုးတံတားကျေးရွာအနီးတွင် အမျိုးသားတစ်ဦး ဆိုင်ကယ်စီးလာစဉ် မြေမြှုပ်မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ဖေဖေါ်ဝါရီ ၂ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်အချိန်ခန့်က မော့ကနင်ကျေးရွာ ကော့စွယ်ရပ်က သတ်လတ်ပိုင်းအမျိုးသားတစ်ဦးသည် ဆိုင်ကယ်မောင်းနှင်စီးနင်းလာရင်း ကြိုးတံတားကျေးရွာအနီးတွင် မြေမြိုပ်မိုင်းနင်းမိခြင်းဖြစ်သည်။ 

    ဆိုင်ကယ်ဖြင့် မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲမှုကြောင်း အဆိုပါအမျိုးသား၏ ခြေထောက်နှစ်ဖက်လုံးတွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

    “မိုင်းနင်းမိသူက မော့ကနင်ရွာ၊ ကော့စွယ်ရပ်က သက်လတ်ပိုင်းအမျိုးသားတစ်ဦးလို့ သိရတယ်။ သူက ကြိုးတံတားကျေးရွာအနီးမှာ ဆိုင်ကယ်မောင်းလာရင်းနဲ့ မြေမြှုပ်မိုင်းနင်းမိသွားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

    မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသားကို လူမှုကူညီရေးအသင်းတို့၏ အကူအညီဖြင့် လမိုင်းဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုပေးခဲ့ပြီး ထိုမှတဆင့် နေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

    ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ ရက်နေ့ မနက်ပိုင်းကလည်း လမိုင်းမြို့ ဘေးကလွဲရွာ၊ ကြိုးတံတားချောင်းအနီးတွင် ရေပိုက်းလာပြင်သည့် အသက် ၇၀ ဝန်းကျင်ရှိ နိုင်ကိုးမိုင်ဆိုသူလည်း မြေမြှုပ်မိုင်းနင်းမိပြီး ဘယ်ဘက်ခြေထောက် ဖြတ်တောက်ခဲ့ရသည်။

    ၎င်းပြင် ဇန်နဝါရီလအတွင်းကလည်း အဆိုပါ ကြိုးတံတားချောင်းအနီးတွင် ဒေသခံတစ်ဦး ဆိုင်ကယ်စီးလာစဉ် မြေမြှုပ်မိုင်းနင်းမိမှုဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်ပျက်ဆီးခဲ့ပြီး ထိခိုက်ရာရရှိခဲ့မှုမရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

    ရေးမြို့နယ် ကြိုးတံတားကျေးရွာအနီးတွင် စစ်ကောင်စီတပ်များ စခန်းချထားပြီး ဒေသတွင်း လှုပ်ရှားနေသည့်  လက်နက်ကိုင်အဖွဲ့တို့ မကြာခဏ လာရောက်ပစ်ခတ်တိုက်ခိုက်လေ့ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks