spot_img
Friday, February 20, 2026
More
    spot_img
    Homeသတင်းသံဖြူဇရပ်တွင် စစ်ကောင်စီတပ်က ကားမောင်းနေသူတစ်ဦးကို အကြောင်းမဲ့ ပစ်ခတ်

    သံဖြူဇရပ်တွင် စစ်ကောင်စီတပ်က ကားမောင်းနေသူတစ်ဦးကို အကြောင်းမဲ့ ပစ်ခတ်

    -

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အေးကမ္ဘာကျေးရွာ သံဖြူဇရပ်-ရေးကားလမ်းမပေါ်တွင်  သဲကျောက်ကားမောင်းလာနေသည့် အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်တို့က အကြောင်းမဲ့ပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။  

    ဖေဖော်ဝါရီ ၂ ရက်နေ့ နေ့လည် ၁၂ နာရီခန့်အချိန်က သံဖြူဇရပ်မြို့နယ် ပငကျေးရွာမှ လမိုင်းမြို့ ဘက်ကို သဲကျောက်ကားမောင်းပြန်လာသည့် အသက် ၂၉ နှစ်အရွယ် ကိုအောင်နိုင်စိုးသည် စစ်ကားနှင့် ကြုံပြီး စစ်ကားပေါ်ပါလာသည့် တပ်သားတို့က သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

    သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ကိုအောင်နိုင်စိုးသည် ဝဲဘက်ပေါင် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက် ရရှိခဲ့ပြီး လူမှုကယ်ဆယ်ရေးအဖွဲ့တို့၏ အကူအညီဖြင့် လမိုင်းဆေးရုံမှတဆင့် မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူနေရသည်ဟု သိရသည်။

    “သူက အုတ်သဲကျောက်ရောင်းဝယ်ရေး လုပ်နေတာ လမိုင်းကနေ ငပမှာ သဲသွားပို့တာ၊ အပြန်မှာပဲ စစ်ကားဖြတ်သွားတဲ့အချိန်မှာ ဒီအတိုင်း စစ်သားက သူ့ကို ပစ်လိုက်တာ၊ ပေါင်မှာ ထိသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

    သံဖြူဇရပ်-ရေးကားလမ်းမတလျှောက်တွင် စစ်ကောင်စီယာဉ်တန်းများ မကြာခဏ ပစ်ခတ်တိုက်ခိုက်ခံရလေ့ရှိသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks