Monday, April 6, 2026
More
    spot_img
    Homeသတင်းလက်နက်ကြီးပစ်ခတ်မှုကြောင့် ကျိုက်ထိုဒေသခံ ၄၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရ

    လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျိုက်ထိုဒေသခံ ၄၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရ

    -

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ် လက်နက်ပစ်ခတ်မှုကြောင့်  ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေ ဝင်းကံကျေးရွာအုပ်စုက ဒေသခံပြည်သူ ၃၈၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု KNU က ထုတ်ပြန်ထားသည်။

    လက်နက်ကြီး ပစ်ခတ်မှုကြောင့်လူနေအိမ် (၃) လုံးအား ထိမှန်ပျက်စီးခဲ့ပြီး ဒေသခံပြည်သူ (၃၈၀၀) ဦးကျော် နေအိမ်စွန့်ခွာ၍ ထွက်ပြေး တိမ်းရှောင်နေရသည်။

    ရွှေကျင်မြို့နယ်အခြေစိုက် စစ်ကောင်စီတပ် ခလရ-၅၉၈ မှ ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး ဝင်းကံကျေးရွာအတွင်း ၃  လုံးကျရောက်ပေါက်ကွဲခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။

    လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဝင်းကံကျေးရွာရှိ နေအိမ် ၃ လုံး ပျက်စီးမှုရှိခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။

    ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်နေမှုကြောင့် ဝင်းကံ၊ ဇီးပြောင်း၊ ပျဥ်းကတိုးကုန်းနှင့် ခရွဲကျေးရွာအုပ်စုက ဒေသခံပြည်သူ ၃၈၀၀ ကျော် နေအိမ်စွန့်ခွာပြီး ဘေးလွတ်ရာသို့  ထွက်ပြေးတိမ်းရှောင်နေရသည်။

    “စစ်ကောင်စီဖက်ကတော့ သူတို့ကို ဘယ်ဖွဲ့ကပဲ ပစ်ပစ် ရွာထဲကိုပဲ လက်နက်ကြီးပစ်မှာ လို့ပြောတယ်၊ သူတို့အဲ့လိုပြောတော့ ရွာထဲမှာ ဘယ်သူမှ မနေရဲတော့ဘူး အခုဆို သက်ကြီးရွယ်အို တချို့လောက်ပဲ ရွာထဲ ကျန်ခဲ့တယ်” ဟု ဝင်းကံရွာခံတစ်ဦးက ပြောသည်။ 

    ကျိုက်ထိုအခြေစိုက် စစ်ကောင်စီ (တပ်မ-၄၄) လက်အောက်ခံတပ်များဖြစ်သည့် (ခမရ -၂၀၇)၊ (အမတ-၃၁၀)၊ (ခလရ-၂)နှင့် ရွှေကျင်အခြေစိုက် (ခလရ-၅၉၈)တို့မှ ကေအဲန်ယူ-ကျိုက်ထိုမြို့နယ် အတွင်းသို့ လက်နက်ကြီးများဖြင့် မကြာခဏပစ်ခတ်နေသည်ဟုလည်း ထုတ်ပြန်ထားသည်။

    စစ်ကောင်စီတပ် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဇန်နဝါရီလအတွင်းမှာ လက်နက်ကြီးကျည်ထိမှန်ပြီး အရပ်သားတစ်ဦးသေဆုံးကာ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသည်ဟု KNU က ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,400SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks