spot_img
Wednesday, March 4, 2026
More
    spot_img
    Homeသတင်းဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီးအကြားတွင် တိုက်ပွဲပြင်းထန်နေ

    ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီးအကြားတွင် တိုက်ပွဲပြင်းထန်နေ

    -

    ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့အကြားတွင် တိုက်ပွဲများ ပြင်ထန်စွာဖြစ်ပွားနေသည်ဟု Lion Battalion Commando – ဗျူဟာစစ်ကြောင်း ထုတ်ပြန်ထားသည်။

    ယမန်နေ့ညက ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ရှိ စုပေါင်းရုံးဝင်းကို ဗိုလ်လင်းယုန် ဦးဆောင်သည့် မြို့ပြပျောက်ကျားတပ်ဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများဖြစ်ပွားခဲ့သည်။

    ယနေ့ မနက်ပိုင်းတွင် ကျုံဒိုး-ညောင်ရိပ်သာဒေသသို့ ကျူးကျော်ဝင်ရောက်လာသော စစ်ကောင်စီ တပ်မ (၄၄) လက်အောက်ခံတပ်ဖွဲ့ဝင်များနှင့် KTL Army ဗျူဟာမှူး ဗိုလ်အယ်စေးဝါးဦးဆောင်သော Lion Battalion Commando – ဗျူဟာစစ်ကြောင်းနှင့် ပူပေါင်းတပ်ဖွဲ့တို့အကြား အနီးကပ်ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေသည်ဟု ထုတ်ပြန်ထားသည်။

    ပြင်းထန်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃ ဦး ကျဆုံးပြီး ၅ ဦးထက်မနည်း  ပြင်းထန် ဒဏ်ရာရရှိကြောင်းနှင့် စက်လက်နက် MA 2 တစ်လက်လည်း သိမ်းဆည်းရမိသည်ဟု ဆိုထားသည်။ လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ပစ်ကူနေသော်လည်း Lion Battalion Commando – ဗျူဟာစစ်ကြောင်း ပူပေါင်းတပ်ဖွဲ့တို့ဘက်က အထိအခိုက်မရှိ ဆက်လက်တိုက်ပွဲဝင်နေဆဲလို့လည်း ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks