spot_img
Thursday, March 5, 2026
More
    spot_img
    Homeသတင်းကျိုက်ထီးရိုး ဘုရားဖူးလာရောက်သူ သောင်းဂဏန်းသာရှိ

    ကျိုက်ထီးရိုး ဘုရားဖူးလာရောက်သူ သောင်းဂဏန်းသာရှိ

    -

    စစ်တပ်အာဏာသိမ်းပြီးနောက် လုံခြုံရေးအခြေအနေ မကောင်းသောကြောင့်ဆံတော်ရှင်ကျိုက်ထီးရိုးဘုရားသို့ ပြည်တွင်း/ပြည်ပ ဘုရားဖူးလာရောက်သူ သောင်းဂဏန်းသာ ရှိတော့သည်ဟု ဘုရားဖူးဝင်ရောက်မှု စာရင်းများအရ သိရသည်။

    ဘုရားဖူးအများဆုံးလာရောက်လေ့ရှိသည့် ဒီဇင်ဘာလတွင် ယခင်က ဘုရားဖူး သိန်းနှင့်ချီ လာရောက်လေ့ ရှိသော်လည်း ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာတော့ ဘုရားဖူး ၂၈၅၀၀ ကျော်သာ လာရောက်ခဲ့သည်။

    ဘုရားဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ရှိ စာရင်းများအရ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ပြည်တွင်းဘုရားဖူး ၂၈၂၂၆ ဦးနှင့် ပြည်ပ ဘုရားဖူး ၃၁၄ ဦးသာ လာရောက်ခဲ့သည်။

    ကင်မွန်းစခန်းရှိ ကျိုက်ထီးရိုးတောင်တက်ကားဝင်းအနီး ပစ်ခတ်မှုများဖြစ်ပွားခဲ့သည့် အောက်တိုဘာလ ၁၂ ရက်နေ့နောက်ပိုင်းမှာတော့ ဘုရားဖူးလာရောက်မှု သိသိသာသာလျော့ကျလာသည်ဟု ဒေသခံတို့၏ ပြောကြားချက်များအရ သိရသည်။

    “ကင်မွန်းစခန်းမှာ ပစ်ခတ်မှုတွေဖြစ်ပြီးနောက်ပိုင်း ဘုရားဖူးတွေမလာကြတော့ဘူး” ဟု ကျိုက်ထီးရိုးတောင်ရှိ အထမ်းသမားတစ်ဦးက ပြောသည်။

    ကျိုက်ထီးရိုးသို့ ဘုရားဖူးလာရောက်မှုနည်းပါးလာသည့်အတွက် ကင်မွန်းစခန်း အပါအဝင် ရင်ပြင်တော်ရှိ ဈေးဆိုင်ခန်းများ၊ ပစ္စည်းထမ်းသမားများ ‌ရပ်တည်ရန် ခက်ခဲလာသည်ဟု ဆိုသည်။

    “အရင်နှစ်တွေကဆို ခရီးသွားတွေနဲ့ တောင်ပေါ်တောင်အောက်ပြည့်နေရော။ ဈေးတွေလည်း ရောင်းကောင်းတာပေါ့။ ဒီနှစ်ကျတော့ခရီးသွားက သုံးပုံ တစ်ပုံတောင် မရှိဘူး လာကြတဲ့သူတွေကလေ” ဟု ကင်မွန်းစခန်းရှိ အမှတ်တရပစ္စည်းအရောင်းဆိုင်ပိုင်ရှင် အမျိုးသမီးက ပြောသည်။

    ကျိုက်ထီးရိုးဘုရားပွဲတော်ကာလကို သီတင်းကျွတ်လပြည့်နေ့မှစကာ ကဆုန်လပြည့်နေ့အထိသတ်မှတ်ထားသည်။

    ကျိုက်ထီးရိုးပွဲတော်ကာလတွင် နှစ်စဉ် ဘုရားဖူးပြည်သူ သိန်းချီလာရောက်လေ့ရှိပြီး ဒီဇင်ဘာ၊ ဇန်နဝါရီတွင် ဘုရာဖူး လာရောက်မှုအများဆုံးသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks