spot_img
Thursday, March 5, 2026
More
    spot_img
    Homeသတင်းအရပ်သားကို ပစ်မှတ်ထား တိုက်ခိုက်နေမှု ပြင်းထန်စွာရှုတ်ချကြောင်း NUG ထုတ်ပြန်

    အရပ်သားကို ပစ်မှတ်ထား တိုက်ခိုက်နေမှု ပြင်းထန်စွာရှုတ်ချကြောင်း NUG ထုတ်ပြန်

    -

    အရပ်သားပြည်သူများကို ပစ်မှတ်ထား၍ စစ်ကောင်စီက လေကြောင်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်နေမှုအား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယနေ့ ဇန်နဝါရီ ၁၂ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

    ချင်းအမျိုးသားတပ်ဦး (CNF/CNA) ဌာနချုပ်ကို စစ်ကောင်စီက ဇန်နဝါရီ ၁၀ ရက်နေ့က တစ်ကြိမ်၊ ၁၁ ရက်နေ့က တစ်ကြိမ် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး CNF တပ်ဖွဲ့ဝင် ၅ ဦးသေဆုံးသွားသည့်ဖြစ်စဉ်နှင့် ပတ်သက်ကာ NUG က ယခုလို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

    “အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အကြမ်းဖက်စစ်ကောင်စီက အရပ်သားပြည်သူများကို ပစ်မှတ်ထား၍ လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်နေမှုများကို ပြင်းထန်စွာရှုတ်ချပါသည်။ အကြမ်းဖက်စစ်ကောင်စီ၏ လူမဆန်သော သတ်ဖြတ်မှုများကြောင့် ကျဆုံးခဲ့ကြရသော တိုင်းရင်းသား ပြည်သူများအတွက် ဝမ်းနည်းကြေကွဲ ရပါကြောင်းနှင့် ကျဆုံးခဲ့ရသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းအတွက် တရားမျှတမှုကို ပြန်လည်ရရှိနိုင်ရေး ပြည်တွင်းနှင့် နိုင်ငံတကာတရားဥပဒေများနှင့်အညီ အစွမ်းကုန်ကြိုးစား ဆောင်ရွက်သွားမည်” ဟု ထုတ်ပြန်ထားသည်။

    စစ်အာဏာစသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ယနေ့အထိ လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးသူဦးရေ ၄၆၀ ဦးကျော်ရှိပြီး အများစုမှာ အရပ်သား ပြည်သူများနှင့် ကလေးသူငယ်များ ဖြစ်သည်ဟု NUG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    နွေဦးတော်လှန်ရေးအင်အားစုများနှင့် ပါဝင်ပတ်သက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို စစ်ရေးအရ ဖိအားပေးပြီး စစ်ကောင်စီဖိတ်ခေါ်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို လာရောက်ရန် တိုက်ခိုက်နေခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

    “NUG ဦးဆောင်နေတဲ့ နွေဦးတော်လှန်ရေး အင်အားစုတွေနဲ့ ပါဝင်ပတ်သက်နေတဲ့ EAO အဖွဲ့တွေကို စစ်ရေးအရ ဖိအားပေးပြီးတော့ နွေဦးတော်လှန်ရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု မပြုပဲ သူတို့ခေါ်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေထဲ ပါဝင်လာဖို့အတွက် စစ်ရေးအရ တဆင့်တိုး ဖိအားပေးလာတယ်လို့ ကျနော်ယူဆပါတယ်၊ အဲဒီလို လုပ်ရခြင်း အကြောင်းကလည်း ၂၀၂၃ ခုနှစ်ကို NUG ဦးဆောင်တဲ့ PDF တွေနဲ့ EAO တွေက စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် တိုက်ပွဲကို ၂၀၂၃ ခုနှစ်မှာ အဆုံးအဖြတ်ပေးနိုင်အောင် ကြိုးစားမယ်လို့ ဆိုပြီးတော့ ကြေညာချက်တွေ ထုတ်ပြန်နေတဲ့ အခြေအနေမျိုးမှာ ဒီအင်အားစုတွေအနေနဲ့ ပြတ်ပြတ်သားသား NUG နဲ့ လမ်းခွဲပြီး စစ်ကောင်စီဖက်ကို မျက်နှာမူလာဖို့အတွက် စစ်ရေးထိုးစစ်အမျိုးမျိုး လုပ်နေတာဖြစ်တယ်လို့ ကျနော်ကတော့ သုံးသပ်ပါတယ်” ဟု ပြောသည်။

    စစ်ကောင်စီအနေဖြင့် ချင်းပြည်နယ်တွင်သာမက ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့တွင် လေကြောင်းအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်မှုများ ကြိမ်ဖန်များစွာပြုလုပ်ခဲ့ကာ အရပ်သားပြည်သူ သေဆုံးမှုများရှိခဲ့သည်ဟု NUG က ပြောသည်။

    စစ်ကောင်စီ၏ လုပ်ရပ်များသည် အကြမ်းဖက်မှုများကို ရပ်တန့်ရန်တောင်းဆိုထားသည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks