spot_img
Thursday, March 5, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ် မြိုနယ်တစ်ချို့တွင် မြေပြင်လူဦးရေစာရင်းကောက်ခံ

    မွန်ပြည်နယ် မြိုနယ်တစ်ချို့တွင် မြေပြင်လူဦးရေစာရင်းကောက်ခံ

    -

    မွန်ပြည်နယ်အတွင်း မော်လမြိုင်၊ ချောင်းဆုံ၊ မုဒုံ၊ သံဖြူဇရပ်၊ ကျိူက်ထို၊ သထုံ အစရှိသည့် မြိုနယ်တို့တွင် မြေပြင်လူဦးရေစာရင်း လိုက်လံကောက်ခံနေကြောင်း ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့နှင့် ဒေသခံတို့ထံမှ သိရသည်။

    စစ်ကောင်စီက ယခုနှစ်အတွင်း ကျင်းပသွားမည့် ရွေးကောက်ပွဲအတွက် မြေပြင်လူဦးရေစာရင်းတွေကို ဇန်နဝါရီလ ၉ ရက်နေ့ကစပြီး စတင်လိုက်လံကောက်ခံနေပါသည်။

    မြေပြင်လူဦးရေစာရင်းကို အုပ်ချုပ်ရေးမှူးအဖွဲ့နှင့် လဝကတို့က လိုက်လံကောက်ခံနေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲနှင့် ပြည်သူ့စစ်အဖွဲ့တို့က လုံခြုံရေးအပြည့်ပေးကာ ကောက်ခံနေသည်ဟုလည်း သိရသည်။

    မြေပြင်လူဦးရေးစာရင်းကောက်ယူရာတွင် စစ်ကောင်စီတပ်နှင့် လက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့တို့အကြား ပစ်ခတ်မှုဖြစ်ပွားနေသည့်ဒေသ များတွင် ကောက်ယူခြင်းမရှိ သေးဟု  ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့ထံမှ သိရသည်။  

    ကျိုက်ထိုမြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးမှ “ကျိုက်ထို မြို့  နယ်အတွင်းမှာတော့ အားလုံးနီးပါး ကောက်ပြီးနေပြီ။ KNU ထိန်းချုပ်နယ်မြေထဲက နေရာတွေကိုတော့ ဖယ်ထားတယ်” ဟု ဆိုသည်။

    ၎င်းပြင် မွန်ပြည်နယ်အတွင်း၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အားကောင်းပြီး ပစ်ခတ်မှုတွေ မကြာခနဖြစ်ပွားနေသည့် ရေးမြို့နယ်နှင့် ဘီးလင်းမြို့နယ်မှာတော့ မြေပြင်လူဦးရေစာရင်း ကောက်ခံမှု မရှိသေးဘူးလို့လည်း ဒေသခံတို့ထံမှ သိရသည်။

    ရပ်ကျေးတွေမှာ မြေပြင်လူဦးရေစာရင်းကောက်ယူရာတွင် အိမ်ထောင်စုစာရင်းစာရင်းမရှိသူများ အိမ်ထောင်စုစာရင်း ချက်ချင်းလုပ်ဆောင်ရန် ပြောသည်ဟု သထုံမြို့နယ် လိပ်အင်းရပ်ကွက်မှ မတင်တင်လှက ဆိုသည်။

    “ရပ်ကွက်က ထိပ်ဆုံးအိမ်မှာ သူတို့က စောင့်နေတယ်။ ကျန်တဲ့အိမ်တွေက သန်းခေါင်စာရင်းကိုင်ပြီး အဲအိမ်ကိုသွားရတယ်။ သူတို့က အိမ်ထောင်စုစာရင်းနဲ့ တိုက်ပြီး မေးတယ်။ ရှိလား မရှိဘူးလား။ ဘာလုပ်လဲ အဲလိုတွေမေးတယ်”ဟု မတင်တင်လှက ပြောသည်။

    ရွေကောက်ပွဲအတွက် မြေပြင်လူဦးရေ စာရင်းကောက်ခံနေမှုအပေါ် စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေသည့် အဖွဲ့အစည်းတို့က ဆန့်ကျင်လျက်ရှိပြီး ဒေသအချို့တွေမှာတော့  တိုက်ခိုက်ခံနေရတာရှိသလို တော်လှန်ရေးအဖွဲ့အစည်းတို့ကလည်း လူဦးရေစာရင်းကောက်ခံနေမှုကို ရပ်တန့်ဖို့ သတိပေးထုတ်ပြန်ထားသည်လည်းရှိနေသည်။

    စစ်ကောက်စီက ရွေးကောက်ပွဲအတွက် မြေပြင်လူဦးရေစာရင်းကောက်ယူရေးလုပ်ငန်းများကို ဇန်နဝါရီလ ၉ ရက်နေ့မှ လကုန်ပိုင်းအထိ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks