spot_img
Thursday, March 5, 2026
More
    spot_img
    Homeသတင်းရေဖြူနှင့် လောင်းလုံးတွင် သုံးရက်အတွင်း ၆ ဦးထက်မနည်း ပစ်သတ်ခံရ

    ရေဖြူနှင့် လောင်းလုံးတွင် သုံးရက်အတွင်း ၆ ဦးထက်မနည်း ပစ်သတ်ခံရ

    -

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်နှင့် ရေဖြူမြို့နယ်တို့တွင် သုံးရက်အတွင်း အရပ်သားပြည်သူ ၆ ဦးထက်မနည်း ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံတို့ထံမှ သိရသည်။

    လောင်းလုံမြို့နယ် သဘော့ဆိပ်ကျေးရွာနေ အသက် ၅၀ နှစ်အရွယ်ရှိ ဦးကျော်လွင်ဆိုသူကတော့ ဇန်နဝါရီလ ၉ ရက်နေ့က နေအိမ်တွင် ပစ်ခတ်ခံခဲ့ရသည်။

    “ဦးကျော်လွင်ကို သေနတ်သမားတွေက သူ့နေအိမ်မှာပဲ သေနတ်နဲ့သုံး ချက်လာပစ်သွားတယ်။ ဘယ်အဖွဲ့ကလာပစ်သွားလဲဆိုတောတော့ မသိဘူး။ ဦးကျော်လွင်က သေနတ်ဒဏ်ရာနဲ့ ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်” ဟု သဘော့ဆိပ်ဒေသခံတစ်ဦးက ပြောသည်။

    အလားတူ အသက် ၆၃ နှစ်ရှိ ကျောက်ဆင်ကျေးရွာ ဒေါ်မာမာဇင်ဆိုသူလည်း ဇန်နဝါရီလ ၁၀ ရက်နေ့က အမည်မသိသေနတ်သမားတို့က နေအိမ်တွင် လာရောက်ပစ်ခတ်ခဲ့ပြီး လည်ပင်း၊ မျက်လုံး နှင့်နားထင်တို့တွင် ရရှိသည့်ဒဏ်ရာများဖြင့် အခင်းဖြစ်ရာနေရာတွင် သေဆုံးသွားခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

    ဇန်နဝါရီလ ၁၁ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်ကလည်း လောင်းလုံးမြို့နယ် ဝေဒီမြို့ဟောင်းကျေးရွာမှ အသက် ၆၀ အရွယ် ဒေါ်တင်သန်းဆိုသူက ၎င်း၏ နေအိမ်ဈေးဆိုင်တွင်ရှိနေစဉ် အမည်မသိသေနတ်သမားနှစ်ဦးရောက်ရှိလာပြီး ဈေးဝယ်ဟန်ဆောင်ကာ ပစ်သတ်သွားခဲ့သည်။

    ဇန်နဝါရီလ (၁၁) ရက် မွန်းလွဲ (၂) နာရီအချိန်ခန့်က

    ထိုအတူ ရေဖြူမြို့နယ် နဘုလယ်ကျေးရွာအုပ်စု၊ လဲရှောင်ကျေးရွာနေမှ အသက် ၅၀ အရွယ် ဦးစိုးသိန်းလည်း အမည်မသိ သေနတ်သမားတို့၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်ဟု ရေဖြူဒေသခံတစ်ဦးက ဆိုသည်။

    ၎င်းက “ဦးစိုးသိန်းက အရင် NLD လက်ထက်တုန်းက လဲရှောင်ကျေးရွာအုပ်ချုပ်ရေးမှူး လုပ်ခဲ့သူပါ။ (၂၀၂၁) ခုနှစ် ဖေဖေါ်ဝါရီလ နောက်ပိုင်းမှာတော့ အုပ်ချုပ်ရေးမှူးဆက်မလုပ်ပဲ ရာထူးက နုတ်ထွက်ထားသူလို့ သိရတယ်” ဟု ပြောသည်။

    ဇန်နဝါရီ ၁၁ ရက်နေ့ နံနက်ပိုင်းက ရေဖြူမြို့နယ် သဗြေဇွန်းကျေးရွာအနီး ကားလမ်းဘေးတွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမည်မသိ အမျိုးသားနှစ်ဦး ရုပ်အလောင်းအား တွေ့ရှိခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ရေဖြူမြို့နယ် ပိတောက်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းဆိုသူကိုလည်း ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (YPDF) သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ထားဝယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း ဒေသခံတို့က ပြောသည်။

    လောင်းလုံးမြို့နယ်နှင့် ရေဖြူမြို့နယ်တို့တွင် အရပ်သားပစ်သတ်ခံရမှုဖြစ်စဥ်များ ဆက်တိုက်ဖြစ်ပွားနေသည့်အပြင် နေအိမ်မီးရှို့ခံရသည့်ဖြစ်စဥ်တွေလည်း ရှိနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks