spot_img
Thursday, March 5, 2026
More
    spot_img
    Homeသတင်းစစ်အာဏာသိမ်းကာလ တနင်္သာရီတိုင်းတွင် အရပ်သား ၃၃၅ ဦးသေဆုံး

    စစ်အာဏာသိမ်းကာလ တနင်္သာရီတိုင်းတွင် အရပ်သား ၃၃၅ ဦးသေဆုံး

    -

    စစ်အာဏာသိမ်းကာလအတွင်း တနင်္သာရီတိုင်းတွင် အရပ်သားသေဆုံးမှု ၃၃၅ ဦးရှိပြီး ၎င်းထဲတွင် အမျိုးသမီး ၁၅ ရာခိုင်နှုန်းပါဝင်သည်ဟု Southern Monitor က ထုတ်ပြန်ထားချက်အရ သိရသည်။

    သေဆုံးအရပ်သားတွေထဲက ၇၇ ရာခိုင်နှုန်းကတော့ အမျိုးသားတွေဖြစ်ပြီး ကျန် ၇ ရာခိုင်နှုန်းကတော့ ကျား/မ ခွဲခြားဖော်ပြနိုင်ခြင်း မရှိဘူးလို့ ဆိုသည်။

    ထားဝယ်မြို့နယ်၊ လောင်းလုံးမြို့နယ်၊ ရေဖြူမြို့နယ်နှင့် သရက်ချောင်းမြို့နယ်တွေက အခြားမြို့နယ်တွေထက် အရပ်သားသေဆုံးမှုအရေအတွက် သိသိသာသာ များပြားနေသည်ဟုလည်း Southern Monitor ထုတ်ပြန်ထားသည်။

    စစ်ကောင်စီဘက်က ကျူးလွန်သည့် အရပ်သားသေဆုံးမှုဖြစ်စဉ်များသည် ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ပစ်ခတ်နှိမ်နင်းတာ၊ စစ်ကောင်စီတပ်ဖွဲ့များ စစ်ကြောင်းထိုးလာချိန် ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်တာ၊ လက်နက်ကြီးထိမှန် သေဆုံးတာ၊ ဆိုင်ကယ်စီးသူတွေနှင့် သာမန်ပြည်သူတွေကို လုံခြုံရေးအကြောင်းပြချက်နှင့် ပစ်ခတ်သတ်ဖြတ်တာတွေ ပါဝင်ပြီး စစ်ကောင်စီလက်အောက်ခံ ပျူစောထီး၊ သွေးသောက်၊ စွန်ရဲ စသည့်အဖွဲ့တို့က တတ်ကြွလူငယ်တွေ၊ PDF အဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေနှင့် NLD ပါတီဝင်တွေကို ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်တာတွေ ပါဝင်သည်ဟု ဆိုသည်။

    ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ကျူးလွန်တဲ့ ဖြစ်စဉ်တွေမှာ ပျူစောထီး၊ သွေးသောက်၊ စစ်တပ် သတင်းပေးသူတွေအပါအဝင် အုပ်ချုပ်ရေးမှူးနဲ့ ဝန်ထမ်းတွေကို လုပ်ကြံသတ်ဖြတ်ခဲ့တာ၊  အချို့ဖြစ်စဉ်တွေမှာ မှားယွင်းသတ်ဖြတ်ခံရတာ၊ မိသားဝင်တွေပါ ထိခိုက်သေဆုံးတာတွေနဲ့ မှားယွင်းပစ်ခတ်ခံရမှုကြောင့် ခရီးသွားပြည်သူတွေ သေဆုံးဒဏ်ရာရတာတွေ ပါဝင်သည်။

    အရပ်သားသေဆုံးသူစာရင်းထဲမှာ လက်နက်ကိုင်ဆောင်ထားတဲ့ (စစ်ကောင်စီတပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ PDF၊ ERO) အဖွဲ့တို့မှ အဖွဲ့ဝင်တွေကို ထည့်သွင်းရေတွက်ထားခြင်းမရှိဘူးလိုလည်း ဆိုသည်။

    သေဆုံးသူတွေထဲမှာ သာမန်အရပ်သားတွေအပြင် လက်နက်မကိုင်ထားသည့်  ပျူစောထီး၊ စစ်တပ်သတင်းပေး၊ အုပ်ချုပ်ရေးမှူး၊ ပါတီဝင်တွေ၊ PDF နှင့် ဆက်စပ်သူတွေကိုလည်း ထည့်သွင်းရေတွက်ထားကြောင်း  သေဆုံးသူတွေရဲ့ ကိုယ်ရေးနောက်ခံ အချက်အလက်တွေက (ကျူးလွန်သူတွေက သူတို့ကို စွပ်စွဲတဲ့အတိုင်း) အမှန်တကယ်ဟုတ်မဟုတ် အတည်ပြုနိုင်ဖို့ ခက်ခဲတဲ့အတွက် ထည့်သွင်း ရေတွက်ထားခြင်းဖြစ်ကြောင်း Southern Monitor ထုတ်ပြန်ထားသည်။

    လက်နက်ကိုင်ဆောင်ထားတဲ့ အဖွဲ့အစည်းများအားလုံးအနေနှင့် အရပ်သားထိခိုက်မှု အနည်းဆုံးဖြစ်အောင် စစ်ရေး ကျင့်ဝတ်တွေကို အတတ်နိုင်ဆုံး လိုက်နာသင့်တယ်လို့လည်း Southern Monitor က ဆိုထားသည်။

    Southern Monitor အဖွဲ့သည် တနင်္သာရီတိုင်းအတွင်း ဖြစ်ပေါ်နေသည့် လူမှုစီးပွားရေး၊ ပဋိပက္ခအခြေအနေတွေ၊ စစ်ရှောင်ပြည်သူတွေအရေးနှင့် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဥ်တွေကို စောင့်ကြည့်လေ့လာပြီး ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းတွေ ပိုမိုသိရှိနိုင်အောင် လေ့လာတင်ပြပေးသည့် လွတ်လပ်သည့် သုတေသနအဖွဲ့တစ်ခုဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks