spot_img
Friday, March 6, 2026
More
    spot_img
    Homeသတင်းခြေဥ ပြင်ဆင်ရေး သ‌ဘောတူညီချက်မရသရွေ့ ငြိမ်းချမ်း‌ရေးရဖို့ခက်ဟုဆို

    ခြေဥ ပြင်ဆင်ရေး သ‌ဘောတူညီချက်မရသရွေ့ ငြိမ်းချမ်း‌ရေးရဖို့ခက်ဟုဆို

    -

    ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဘုံသဘောတူညီချက်မရရှိသရွေ့ ငြိမ်းချမ်းရေး ရရှိရန် ခက်ခဲနေဦးမည်ဟု ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောသည်။

    စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) မှ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေးအတွက်တ စ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် (၇) ကို ဖိတ်ကြားခဲ့ရာ (၅) ဖွဲ့ တက်ရောက် ဆွေး‌နွေးခဲ့သည်။

    “၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်လို့ လက်နက်ကိုင်‌တော်လှန်ရေးအဖွဲ့အစည်း၊ NCA ထိုးထားတဲ့ အဖွဲ့အစည်း ၅ ဖွဲ့ရဲ့ သဘောထားတော့ ရလာပြီ၊ ဒါပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဘယ်လောက်အထိ ပြင်ကြမှာလဲ ဆိုတဲ့ ဘုံသဘောတူညီချက် မရသမျှတော့ ငြိမ်းချမ်းရေးကတော့ ရဖို့ ခက်တယ်၊ ဘုံသဘောတူညီချက်ဆိုတာ ၂၀၀၈ ကို ဘယ်လောက်အထိ ပြင်ကြမလဲ ဆိုတဲ့ လက်နက်ကိုင်အဖွဲ့အစည်း အားလုံးနဲ့ နိုင်ငံတော်အစိုးရ (စစ်ကောင်စီ) သဘောတူညီချက် ရဖို့ လိုမယ်။ အဲဒီသဘောတူညီချက်ရမှပဲ လာမယ့် ရွေးကောက်ပွဲက တက်လာမယ့် လွှတ်တော်မှာ ဖွဲ့စည်းပုံဆိုင်ရာ ပြင်ဆင်မှုတွေ ရှိလာမှာကိုး၊ ရှိလာတဲ့အခါမှ တပ်မတော်ရဲ့ ထောက်ခံမှုကို ရကြမှာပေါ့” ဟု ဒေါက်တာ အေးမောင်က ဆိုသည်။

    NSPNC နှင့် အပစ်ရပ် (၅) ဖွဲ့၏ တွေ့ဆုံဆွေးနွေးမှုကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့အထိ ဆွေးနွေးကြပြီး သဘောတူညီချက် ၄ ချက် ရယူနိုင်ခဲ့ကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST က ထုတ်ပြန်ခဲ့သည်။

    အဆိုပါ ဆွေး‌နွေးပွဲကို  ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်/ ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA/PC၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU) တို့ တက်ရောက်ခဲ့သည်။

    ကျန်သည့် NCA လက်မှတ်ရေးထိုးထားသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့ နှစ်ဖွဲ့ကတော့ တက်ရောက်ခြင်း မရှိပေ။

    ခြေခံပြင်ဆင်ရေးဆွေးနွေးပွဲသို့ RCSS နှင် NMSP တို့ တက်ရောက်မှု မရှိခြင်းမှာ သဘာဝကျကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။

    “အင်အားလည်း မရှိဘူး။ နော က်သူတို့ အနေနဲ့ သူတို့နိုင်ငံရေးရပ်တည်မှုကို ဖော်ပြဖို့လည်း အင်အား သိပ်မရှိတဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့အခါကြ‌တော့ သူတို့ကတော့ တက်ကြမှာပေါ့ဗျာ၊ ခုနားလို အင်အားတစ်စုံတစ်ရာရှိပြီးတော့ နိုင်ငံရေးသဘောထားတစ်ချို့လည်း ဆုပ်ကိုင်ထားတဲ့အဖွဲ့အစည်းတွေ ဥပမာ RCSS တို့ မွန်ပြည်သစ်တို့ကတော့ မတက်တာ သဘာဝကျတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီတစ်ခါ ဖွဲ့စည်းအုပ်ချုပ်ပုံပြုပြင်မယ်ဆိုတာ အဲဒီပြုပြင်မယ့် အခွင့်အာဏာက စစ်ကောင်စီမှာ မရှိပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံကလည်း ဒီအခွင့်အာဏာကို ပေးအပ်ထားတာ အဲဒီလို အနေအထားမျိုးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ရေးဆိုတဲ့ ကိစ္စက ဥပဒေနဲ့ ဖွဲ့စည်းပုံဘောင်အပြင်ဖက်က လုပ်ရမှာ ဖြစ်တဲ့အတွက် အဲဒီအဖွဲ့အစည်းကြီး နှစ်ခုပေါ့ဗျာ၊ RCSS နဲ့ မွန်ပြည်သစ်ပါတီလို အဖွဲ့တွေကတော့ ပါဝင်လိုတဲ့ စိတ်ဆန္ဒမရှိတာ သဘာဝကျတယ်လို့ ကျနော်ကတော့ မြင်ပါတယ်ခင်ဗျ” ဟု ပြောသည်။

    ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မပေါင်း ၇၀ ကျော်အား ပြင်ဆင်ရန် NSPNC ကို ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) နိုင်ငံရေးပါတီများ အစုအဖွဲ့မှ တောင်းဆိုထားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks