spot_img
Friday, March 6, 2026
More
    spot_img
    Homeသတင်းလမိုင်းမြို့တွင် ရဲအုပ်တစ်ဦး ပစ်သတ်ခံရ

    လမိုင်းမြို့တွင် ရဲအုပ်တစ်ဦး ပစ်သတ်ခံရ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ် လမိုင်းမြို့တွင် ဇန်နဝါရီလ ၉ ရက်နေ့က စစ်ကောင်စီ ရဲသတင်းတပ်ဖွဲ့မှ ရဲအုပ်တစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း မြို့ခံတို့ထံမှ သိရသည်။

    သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသူသည် လမိုင်းမြို့ ရဲသတင်းတပ်ဖွဲ့ရုံးမှ ရဲအုပ်ညီညီဝင်းဆိုသူဖြစ်သည်ဟုလည်း သိရသည်။

    ရဲအုပ်ညီညီဝင်းသည် ယနေ့ နံနက် ၆ နာရီခွဲအချိန်ခန့်က လမိုင်မြို့ ရဲသတင်းတပ်ဖွဲ့ရုံးမှ လက်ဝှေ့ရုံဈေးတန်းဘက်သို့ ဆိုင်ကယ်ဖြင့်သွားနေစဉ် အမည်မသိသေနတ်သမား ၂ ဦးတို့က ဆိုင်ကယ်ဖြင့်ရောက်လာပြီး သေနတ်ဖြင့် (၃) ချက်ခန့် ပစ်ခတ်သွားခြင်းဖြစ်သည်။

    သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ရဲအုပ်ညီညီဝင်း ဦးခေါင်းနောက်စေ့ကျည်ဖေါက်ဝင်ဒဏ်ရာဖြင့် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးခဲ့ခြင်းဖြစ်သည်။

    အဆိုပါ ပစ်ခတ်မှုအတွင်း အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးလည်း ညာဘက်ရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့ပြီး လမိုင်းမြို့ဆေးရုံမှတဆင့် မော်လမြိုင်ဆေးရုံကြီးသို့ လူမှုကယ်ဆယ်ရေးအဖွဲ့တို့၏ အကူအညီဖြင့် ပို့ဆောင်ပေးခဲ့ကြကြောင်း မြို့ခံတစ်ဦးက ပြောသည်။ 

    “သေနတ်သံ (၃) ချက်လောက်ကြားလိုက်ရတယ်။ ဈေးတန်းနားမှာဆိုတော့ လူတွေလည်း ရုတ်ရုတ်သဲသဲဖြစ်ကုန်တယ်။ နောက်မှ SB က ရဲအုပ်ညီညီဝင်း သေနတ်နဲ့ပစ်ခတ်ခံရတာလို့ သိရတယ်” ဟု အထက်ပါမြို့ခံက ဆက်ပြောသည်။

    ရဲသတင်းတပ်ဖွဲ့မှ ရဲအုပ်ညီညီဝင်းကို ၎င်းတို့အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ရေးပြောက်ကျားအဖွဲ့ (YGF) က ထုတ်ပြန်ထားသည်။

    ၎င်းပြင် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာသွားအပေါ် စိတ်မကောင်းကြောင်းနှင့် အနုအညွတ်တောင်းပန်ကြောင်းလည်း ရေးပြောက်ကျားအဖွဲ့ (YGF) က ထုတ်ပြန်ပြောဆိုထားသည်။

    ရဲအုပ်ညီညီဝင်း ပစ်ခတ်ခံရပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး ပိတ်ဆို့စစ်ဆေးမှုများလုပ်ဆောင်ခဲ့ကြောင်းနှင့် ရဲအုပ်ညီညီဝင်း၏ ရုပ်အလောင်းအား သယ်ဆောင်သွားခဲ့ကြကြောင်း မြို့ခံတို့ထံမှ သိရသည်။

    ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် စက်တင်ဘာလကလည်း လမိုင်းမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်ဖြစ်သူ ဒုရဲအုပ်အောင်ကျော်မင်း လမိုင်း-ကော့ဒွတ်သွား ကားလမ်းဘေးရှိ တာယာပြင်ဆိုင်တွင် အမည်မသိသေနတ်သမားများမှ သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ရာမှ သေဆုံးခဲ့ခြင်းကြောင်း သိရသည်။

    ရေးမြု့နယ်အတွင် လှုပ်ရှားနေသည့် ရေးပျောက်ကျားအဖွဲ့အပါအဝင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က စစ်ကောင်စီလက်အောက်ခံ စစ်တပ်၊ ရဲတွေကို မကြာခနပစ်ခတ်ရှင်းလင်းလေ့ရှိသည့်အပြင် စစ်ကောင်စီ ဌာနဆိုင်ရာရုံးတွေကိုလည်း တိုက်ခိုက်လေ့ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks