spot_img
Friday, March 6, 2026
More
    spot_img
    Homeသတင်းရေးမြို့ရှိ ထွေအုပ်ရုံးကို ရေးဘီလူးအဖွဲ့ တိုက်ခိုက်

    ရေးမြို့ရှိ ထွေအုပ်ရုံးကို ရေးဘီလူးအဖွဲ့ တိုက်ခိုက်

    -

    မွန်ပြည်နယ်၊ ရေးမြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို ရေးဘီလူးအဖွဲ့က ဇန်နဝါရီ ၆ ရက်နေ့ နံနက် ၆ နာရီအချိန်ခန့်က ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

    ရေးမြို့လယ်ရှိ ထွေအုပ်ရုံးကို ၄၀ မမ၊ ၄ လုံးဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထိခိုက်မှုရှိ မရှိဆိုတာကို အတိအကျ မသိဘူးလို့ ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။

    “ဇန်နဝါရီလ ၆ ရက်နေ့မှဦ ရေးမြို့လယ်မှာရှိတဲ့ ထွေအုပ်ဌာနဆိုင်ရာရုံးကို ကျနော်တို့ ရေးဘီလူးအဖွဲ့က ၄၀၊ ၄ လုံး ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်၊ မနက် ၆ နာရီ ၁၅ မိနစ်လောက်မှာ ၄၀ မမတွေကို သုံးပြီးတော့ ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပါတယ် အထိအခိုက်ကိုတော့ အတိအကျမသိသေးပါဘူး” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောဆိုထားသည်။

    ထွေအုပ်ရုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ရေးဘီလူးအဖွဲ့ဘက်က အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။

    ထွေအုပ်ရုံး ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် မြို့အနှံ့ စစ်ကောင်စီဘက်က လုံခြုံရေးတင်းကြပ်ထားပြီး စစ်ဆေးမှုလည်း လုပ်ဆောင်နေသည်ဟု မြို့ခံတို့ထံမှ သိရသည်။

    ရေးဘီလူးအဖွဲ့သည် ရေးမြို့ပေါ်က စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးတွေကို မကြာခနဝင်ရောက်ပစ်ခတ်တိုက်ခိုက်လေ့ရှိသည်။

    ရေးမြို့နယ်အတွင်း ရေးဘီလူးအဖွဲ့အပါအဝင် စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေကြသည့် တော်လှန်ရေးအဖွဲ့အစည်းတို့က စစ်ကောင်စီတပ်စခန်းတွေ၊ ရဲစခန်းတွေနှင့် စစ်ဆေးရေးဂိတ်တွေကိုလည်း ဝင်ရောက်တိုက်ခိုက်လေ့ရှိသည်။

    ၎င်းပြင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအဖွဲ့တို့အကြား ထိတွေ့ပစ်ခတ်မှုတွေလည်း မကြာခနဖြစ်ပွားလေ့ရှိပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks