spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းကပ်ရောဂါနှင့် နိုင်ငံရေးမတည်ငြိမ်မှုကာလကြားက အကြမ်းဖက်ခံအမျိုးသမီးများ ရုန်းထွက်သင့်

    ကပ်ရောဂါနှင့် နိုင်ငံရေးမတည်ငြိမ်မှုကာလကြားက အကြမ်းဖက်ခံအမျိုးသမီးများ ရုန်းထွက်သင့်

    -

    ကိုဗစ်ကပ်ရောဂါကာလနှင့် နိုင်ငံရေးမတည်ငြိမ်သည့်အခြေအနေတို့ကြောင့် အကြမ်းဖက်ခံနေရသည့် ပြဿနာကနေ အမျိုးသမီးများ ရုန်းထွက်သင့်သည်ဟု အမျိုးသမီးအခွင့်အရေးဆိုင်ရာ လှုပ်ရှားနေသူတို့က တိုက်တွန်းပြောဆိုလိုက်သည်။

    အကြမ်းဖက်ခံနေရသူများအနေနှင့် စီးပွားရေးပိုင်းဆိုင်ရာ၊ ပညာရေးပိုင်းဆိုင်ရာများအပြင် မိမိယုံကြည်ရသည့် အဖွဲ့အစည်းတွင် ပါဝင်လှုပ်ရှားပြီး မိမိတို့၏ဘဝ တိုးတက်ရာတိုးတက်ကြောင်းအနေနှင့် အသုံးချသင့်ကြောင်း အမျိုးသမီးနှင့် ကလေးသူငယ်ဆိုင်ရာအခွင့်အရေးလှုပ်ရှားသူ မိချယ်ရီစိုးက ဆိုသည်။

    “အမျိုးသမီးတွေက တစ်ဦးတစ်ယောက်တည်းလည်း ရပ်တည်နိုင်ရမယ်၊ ဒီအချိန်မှာ အနည်းဆုံး အတတ်ပညာတစ်ခုခုလေ့လာနိုင်ရမယ်၊ အိမ်မှာနေပြီး အိမ်အလုပ်ပဲလုပ်နေလို့မရပါဘူး၊ အိမ်အလုပ်ကိုပဲ စီးပွားရေးအဖြစ်ပြောင်းလဲပြီး အွန်လိုင်းဈေးရောင်းတာတွေလည်း လုပ်နိုင်တယ်၊ အခြားလုပ်လို့ရတာတွေလည်းအများကြီးရှိတာပေါ့၊ အဲကြောင့် မိမိတစ်ဦးတစ်ယောက်အနေနဲ့ ဘဝခရီး ဘယ်လိုရှေ့ဆက်မလဲဆိုတာ ကိုယ်တိုင်ရွေးချယ်ရမယ်၊ ရပ်တန့်လို့မရတဲ့ အဖြစ်အပျက်တစ်ခုကနေ ဘဝတိုးတက်ရာလမ်းကြောင်းအဖြစ် ပြောင်းလဲနိုင်မှ ကျွန်မတို့ အဖွဲ့အစည်းအနေနဲ့ အုပ်စုအနေနဲ့ ပြောင်းလဲလုပ်ဆောင်လာနိုင်လိမ့်မယ်” ဟု ၎င်းက ပြောသည်။

    ကိုဗစ်ကပ်ရောဂါကာလအတွင်း စာဝတ်နေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းပြဿနာများအပြင် နိုင်ငံရေးပဋိပက္ခတွေကြောင့် အမျိုးသမီးတို့ဘဝလုံခြုံမှုမရှိသည့်အပြင် မူးယစ်ဆေးဝါးကြောင့် အိမ်တွင်းအကြမ်းဖက်မှုတွေလည်း ပိုမိုများပြားလာသည်။

    လက်ရှိ အမျိုးသမီးများ ရင်ဆိုင်ကြုံတွေ့နေရသည့် ပြဿနာများအပေါ် အမျိုးသမီးအင်အားစုတွေကိုယ်တိုင် တစ်ဖက်တစ်လမ်းမှ ပါဝင်ဖြေရှင်းသင့်ကြောင်း မွန်ပြည်သစ်ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သည့် မိပကောင်းမလေက ဆိုသည်။

    “ကျွန်မတို့နိုင်ငံမှာဆိုရင် အမျိုးသမီးတွေက အမျိုးသားတွေထက် အင်အားပိုများတဲ့အတွက် အမျိုးသမီးတွေကိုယ်တိုင်မှ ကိုယ့်အခွင့်အရေးအတွက် တိုက်ပွဲမဝင်ဘူးဆိုရင် ဘယ်သူတွေက တိုက်ပွဲဝင်မှာလဲ ဘယ်သူမှ ပါဝင်လှုပ်ရှားပေးမှာမဟုတ်ဘူး၊ တိုက်ပွဲဝင်တယ်ဆိုတာကလည်း လက်နက်ကိုင်ဖို့ပြောတာမဟုတ်ဘူး၊ ဥပမာဆိုရင် စည်းရုံးရေးမှာအပိုင်းလား၊ ထောက်ပံ့ရေးအပိုင်းမှာလား ကိုယ်ကျွမ်းကျင်တဲ့အပိုင်းမှာ ပါဝင်သင့်တယ်၊ ပြီးတော့ အုပ်ချုပ်ရေးပိုင်းမှာရော နိုင်ငံရေးမှာရော အမျိုးသမီးတွေ ပါဝင်သင့်တယ်၊ အမျိုးသမီးတွေက မီးဖိုချောင်ကိစ္စတစ်ခုပဲသိနေလို့မရပါဘူး မီးဖိုချောင်ကိစ္စဟာလည်း နိုင်ငံရေးနဲ့ ဆက်စပ်နေတယ်ဆိုတာ အမျိုးသမီးတွေ သိသင့်တယ်” ဟု မိပကောင်းမလေက ပြောသည်။

    ၎င်းပြင် မွန်ပြည်ပါတီနှင့် မွန်အမျိုးသမီးအဖွဲ့တို့ ပူပေါင်းကာ ဂျန်ဒါမူဝါဒ (Gender Policy) ရေးဆွဲသွားရန်ရှိပြီး လက်ရှိတွင် မွန်ပြည်သစ်ထိန်ချူပ်နယ်မြေက ဒေသခံတို့ထံ အချက်လက်စုဆောင်းတာတွေ လုပ်ဆောင်လျက်ရှိကြောင်းလည်း သူက ဆိုသည်။

    မြန်မာ့အမျိုးသမီးသမဂ္ဂမှ စုစောင်းရရှိထားသည့် အချက်အလက်များနှင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ၏ စာရင်းပြုစုထားချက်အရ စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလအထိ နိုင်ငံတစ်ဝှမ်းက အမျိုးသမီး ၃၅၂ ဦး သေဆုံးပြီး၊ ၂၆၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံထားရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks