spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းယခုနှစ် မွန်အမျိုးသားနေ့ မြေစိုက်ပိုစတာတွင် ရှေးဟောင်းအုတ်ခွက်ဘုရားပုံများဖြင့် သရုပ်ဖော်သွားမည်

    ယခုနှစ် မွန်အမျိုးသားနေ့ မြေစိုက်ပိုစတာတွင် ရှေးဟောင်းအုတ်ခွက်ဘုရားပုံများဖြင့် သရုပ်ဖော်သွားမည်

    -

    လာမည့်တပို့တွဲလပြည့်ကျော် (၁) ရက်နေ့တွင် ကျရောက်မည့် မွန်အမျိုးသားနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာတွင် ရှေးဟောင်းအုတ်ခွက်ဘုရားရုပ်ပုံများဖြင့် သရုပ်ဖော်သွားမည်ဖြစ်ကြောင်း ၇၆ ကြိမ်မြောက် မွန်အမျိုးသားနေ့ဗဟို ကျင်းပရေးကော်မတီထံမှ သိရသည်။

    ရှေးဟောင်း အမွေအနှစ်လက်ရာဖြစ်သော မြေမီးဖုတ်၊ အုတ်ခွက်ဘုရားများကို မွန်အမျိုးသားနေ့ မြေစိုက်ပိုစတာတွင် ပြန်လည်သရုပ်ဖော်ခြင်းဖြင့် မွန်ယဥ်ကျေးမှုနှင့် မွန်သမိုင်းကြောင်းများကို ပိုမိုပေါ်လွင်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်းလည်း ကျင်းပရေးကော်မတီ ဥက္ကဌက ပြောသည်။

    ၇၆ ကြိမ်မြောက်မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီ ဥက္ကဌဖြစ်သူ မင်းအောင်ထူးက “ဒီနှစ်မွန်အမျိုးသားနေ့ (ဗဟို) အခမ်းအနားကို ရန်ကုန်မှာကျင်းပမယ် ဆိုတော့ရန်ကုန်မှာရှိတဲ့ ရှေးဟောင်းမွန်သမိုင်းကြောင်းတွေကို ဖော်ထုတ်ချင်တယ်၊ ကော်မတီဝင်အများစု သဘောတူထားတာက ဒီနှစ် မြေစိုက်ပိုစတာကို အုတ်ခွက်ဘုရားကို သုံးမယ်ပေါ့နော်” ဟု ပြောသည်။

    လွန်ခဲ့သည့် ဒီဇင်ဘာ ၄ ရက်နေ့က မော်လမြိုင်မြို့တွင် ကျင်းပခဲ့သည့် ၇၆ ကြိမ်မြောက်မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီ ကော်မတီ၏ တတိယအကြိမ် အစည်းအဝေး၌ ယင်းကဲ့သို့ ဆွေးနွေးဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

    ယခုနှစ် ၇၆ ကြိမ်မြောက်မွန်အမျိုးသားနေ့ (ဗဟို) အခမ်းအနားကို ရန်ကုန်မြို့ရှိ တိုင်းရင်းသားကျေးရွာနှင့် MCC ခန်းမ၌ ကျင်းပရန် ရည်ရွယ်ထားပြီး နေရာအတိအကျကိုတော့ မချမှတ်ရသေးဘူးကြောင်း မင်းအောင်ထူးက ဆက်ပြောသည်။

    “မွန်အမျိုးသားနေ့ကို လုံခြုံမှုရှိရှိနဲ့ အများပြည်သူလည်း အနှောက်အယှက်မဖြစ်အောင်၊ ကျင်းပဖို့သင့်တော်တဲ့နေရာကို၊ ကောင်းကျိုး ဆိုးကျိုးတွေကို သုံးသပ်ပြီးတော့ နောက်တစ်ကြိမ် ကျင်းပမယ့် အစည်းအဝေးမှာမှ ကျင်းပမယ့်နေရာကို ကျနော်တို့ ဆုံးဖြတ်ချက်ချရမယ်” ဟု ၎င်းက ပြောသည်။

    နိုင်ငံရေးနှင့် လုံခြုံရေးအခြေအနေအရပ်ရပ်တို့ကြောင့် ယခုနှစ် မွန်အမျိုးသားနေ့ (ဗဟို) အခမ်းအနားကို အကျဥ်းချုံးသာ ကျင်းပသွားမည့်အပြင် မွန်ရိုးရာ ယိမ်းအက ပြိုင်ပွဲ၊ သီချင်းဆိုပြိုင်ပွဲများကို မလုပ်ဆောင်တော့ဘဲ စာပေပြိုင်ပွဲတစ်ခုသာ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

    မွန်လူမျိုးများ အထွဋ်အမြတ်ထားတဲ့နေ့တစ်နေ့ ဖြစ်သည့် မွန်အမျိုးသားနေ့ (ဗဟို)အခမ်းအနားကို နှစ်စဉ်နှစ်တိုင်း မွန်တိုင်းရင်းသားများနေထိုင်သည့် မြို့နယ်နှင့် တိုင်းဒေသကြီးတို့တွင် လှည့်ပတ်ပြီး စည်ကားသိုက်မြိုက်စွာ လုပ်ဆောင်လေ့ရှိသော်လည်း  မြန်မာနိုင်ငံ ကိုဗစ်ရောဂါဘေးအန္တရာယ် ဖြစ်ပွားမှုနှင့် စစ်အာဏာသိမ်းမှုတို့ကြောင့် အကျဥ်းချုံးသာ ကျင်းပလာခဲ့ကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks