spot_img
Wednesday, February 18, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်-ရန်ကုန် လေယာဉ်ခရီးစဉ်သစ်ကို ဒီဇင်ဘာ ၅ ရက်နေ့တွင် စတင်ပြေးဆွဲမည်

    မော်လမြိုင်-ရန်ကုန် လေယာဉ်ခရီးစဉ်သစ်ကို ဒီဇင်ဘာ ၅ ရက်နေ့တွင် စတင်ပြေးဆွဲမည်

    -

    မော်လမြိုင်-ရန်ကုန် လေကြောင်းလိုင်းခရီးစဉ်အသစ်ကို လာမည့် ဒီဇင်ဘာလ ၅ ရက်နေ့မှစကာ စတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးတာဝန်ရှိသူတို့ထံမှ သိရသည်။

    မော်လမြိုင်-ရန်ကုန် လေကြောင်းလိုင်း ခရီးစဉ်အသစ်ကို အပတ်စဉ် တနင်္လာနေ့နှင့် သောကြာနေ့တို့တွင် ပြေးဆွဲသွားမည်ဟုလည်း သိရသည်။

    “မော်လမြိုင်လေဆိပ်မှာတော့ ဒီ ၅ ရက်နေ့ကစမယ်၊ တစ်ပတ်မှာ နှစ်ရက်ပေါ့၊ လေယာဉ်ပြေးဆွဲမှာက” ဟု လေကြောင်းပို့ဆောင်ရေးတာဝန်ရှိသူ ဦးအောင်ကြည်သိန်းက ပြောသည်။

    မော်လမြိုင်-ရန်ကုန် လေယာဉ်လက်မှတ်ကိုတော့ တစ်စောင်လျှင် ၁၄၇၀၀၀ ကျပ် သတ်မှတ်ထားကြောင်း လေကြောင်းပို့ဆောင်ရေးရုံးမှ သိရသည်။

    လက်ရှိတွင် မော်လမြိုင်-ရန်ကုန် ခရီးစဥ်သာရှိပြီး ရန်ကုန်-မော်လမြိုင် သီးသန့်ခရီးစဥ် မရှိသေးကြောင်း ရန်ကုန်မှ မော်လမြိုင်သို့ လာရောက်လိုပါက ရန်ကုန်-ကော့သောင်း-မော်လမြိုင်ခရီးစဉ်အတိုင်း လိုက်ပါစီးနင်းရပါမည် ဟုလည်း  လေကြောင်းပို့ဆောင် ရေးရုံးတာဝန်ရှိသူက ပြောသည်။

    မော်လမြိုင်မှ ရန်ကုန်သို့ ယခင်က လေကြောင်းလိုင်းဖြင့် ခရီးသွားလာနိုင်သော်လည်း ယခုနောက်ပိုင်းတွင် မော်လမြိုင်-ရန်ကုန်လေကြောင်းခရီးစဥ်မရှိသည့်အတွက် ကုန်းလမ်းခရီးဖြစ်သည့် ကားနှင့် မီးရထားခရီးစဥ်ကိုသာ အသုံးပြုနေကြရသည်။

    လက်ရှိတွင် စစ်တောင်းတံတာရှိ ညောင်ခါးရှည် X Ray စစ်ဆေးရေးဂိတ်တွင် ရက်နှင့်ချီ ခရီးကြန့်ကြာနေသည့်အတွက် ကားဖြင့် ခရီးသွားလာသူများ အထူးသဖြင့် အရေးပေါ်လူနားများအတွက် အခက်အခဲကြုံတွေ့နေကြရသည်။

    ထိုကြောင့် ခရီးသွားလာရန် အခက်အခဲကြုံတွေ့နေရချိန်တွင် မီးရထားခရီးစဥ်သာမက ယခုလို လေယာဉ်ခရီးစဥ် ပြေးဆွဲပေးသည့်အပေါ် ကြိုဆိုကြောင်း မော်လမြိုင်မြို့ခံ ပရဟိတသမားတစ်ဦးက ပြောသည်။ 

    “မွန်ပြည်နယ်မှာ အခုလက်ရှိ ဖြစ်ပျက်နေတဲ့ အခက်ခဲတွေကတော့ ပရဟိတအရေးပေါ်ကားတွေပေါ့၊ လူနားတွေကို သွားပို့တာ ၅ ရက်လောက်ကြာတယ်၊ ညောင်ခါးရှည်ဂိတ်မှာ စောင့်ဆိုင်နေရတဲ့အတွက် သေဆုံးသွားတဲ့လူနာလဲရှိခဲ့တယ်” ဟု ၎င်းက ဆိုသည်။

    စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မော်လမြိုင်-ရန်းကုန်လမ်းခရီးတလျှောက်တွင် ပစ်ခတ်မှုများ မကြာခဏဖြစ်ပွားနေခြင်းနှင့် ယခုအခါ ညောင်ခါးရှည် X Ray စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုများပြီး ခရီးကြန့်ကြာနေသည့်အတွက် မီးရထားဖြင့် ခရီးသွာလားသူများလာသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks