spot_img
Wednesday, February 18, 2026
More
    spot_img
    Homeသတင်းယခုနှစ် မွန်လူငယ်များနေ့ အခမ်းအနားကို မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေတွင် ကျင်းပရန် လျာထား

    ယခုနှစ် မွန်လူငယ်များနေ့ အခမ်းအနားကို မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေတွင် ကျင်းပရန် လျာထား

    -

    ယခုနှစ်တွင် ကျရောက်မည့် (၁၁) အကြိမ်မြောက် မွန်လူငယ်များနေ့ အခမ်းအနားကို မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေတွင် ကျင်းပရန် လျာထားကြောင်း မွန်လူငယ်များဆုံရပ် MYF မှ သိရသည်။

    လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေအရပ်ရပ်တို့ကြောင့် မွန်ပြည်သစ်ထိန်းချုပ်ရာနယ်မြေတွင် ကျင်းပရန် လျာထားခြင်းဖြစ်သည်ဟုလည်း မွန်လူငယ်များဆုံရပ်တာဝန်ရှိသူတို့က ပြောသည်။

    “ဒီနှစ် ကျွန်တော်တို့ လျာထားတာကတော့ နိုင်ငံရေးအခြေအနေနဲ့ ကြည့်မယ်ဆိုရင် လွတ်မြောက်နယ်မြေကြည့်ရမယ်၊ မွန်ပြည်သစ်ထိန်းချုပ်ရာနယ်မြေမှာပေါ့နော် ဒါပေမယ့် မွန်ပြည်သစ်ပါတီ တာဝန်ရှိတဲ့လူကြီးတွေနဲ့တွေ့ဆုံပြီး ဘယ်ဒေသမှာ အဆင်ပြေမလဲ ခွင့်ပြုမလဲပေါ့ သူတို့ခွင့်ပြုတဲ့နေရာမှာ ကျွန်တော်တို့လုပ်သွားမှာဖြစ်တယ်” ဟု MYF ၏ ပြောရေးဆိုခွင့်ရှိသူ မင်းစိုးမြင့်က ပြောသည်။

    မွန်လူငယ်များနေ့ကို မွန်လူငယ်များအကြား သွေးစည်းညီညွတ်မှုအင်အားကို မြှင့်တင်ရန်နှင့် မျိုးချစ်စိတ်ဓါတ် ရှင်သန်းနိုးကြားလာစေရန် ရည်ရွယ်ဖြင့် နှစ်စဥ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပလာခဲ့သည်။

    ယမန်နှစ်များက မွန်လူငယ်များနေ့အခမ်းအနားကို ကွင်းပြင်တွင် ပြခန်းပြသခြင်း၊ ပြိုင်ပွဲအစီအစဥ်များ၊ ဖျော်ဖြေရေးအစီအစဉ်များဖြင့် ကျင်းပလာခဲ့ကြသော်လည်း ကိုဗစ်ဖြစ်ပွားပြီးနောက် မွန်လူငယ်များနေ့အခမ်းအနားကို အကျဥ်းချုံးသာ ကျင်းပလာခဲ့ရသည်။

    ယမန်နှစ်များက ကျင်းပလာခဲ့သည့် အခမ်းအနားတွင် မွန်ပြည်နယ်အတွင်းက မွန်လူငယ်များသာမက ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ ကရင်၊ တနင်္သာရီ အစရှိသည့် မွန်ဒေသက မွန်လူငယ်များ ပြည်ပရောက်မွန်လူငယ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ သောင်းနှင့်ချီ တက်ရောက်ခဲ့ကြသည်။

    ၁၉၄၆ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် မော်လမြိုင်မြို့၌ ကျင်းပခဲ့သည့် မွန်လူငယ်များ အစည်းအဝေး စတင်ကျင်း ခဲ့သည့်နေ့ကို အစွဲပြုပြီး “မွန်လူငယ်များနေ့” အဖြစ် ၂၀၁၂ ခုနှစ် ဧပြီလက မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဝယ်ပေါင် ကျေးရွာတွင် ကျင်းပခဲ့သည့် တတိယအကြိမ်မြောက် မွန်လူငယ်များ နှီးနှောဖလှယ် ပွဲမှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

    ထို့ကြောင့် ပထမအကြိမ်အဖြစ် မွန်လူငယ်များနေ့ အထိမ်းအမှတ်အခမ်းအနားကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်တွင် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဖြစ်သည့် မော်လမြိုင်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် တောင်ပေါက်ကျေးရွာ၌ စတင်ကျင်းပခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks