Friday, March 13, 2026
More
    spot_img
    Homeသတင်းမိုးကြောင့် မွန်ပြည်နယ်အတွင်းက ဆားကွင်းများပျက်စီး

    မိုးကြောင့် မွန်ပြည်နယ်အတွင်းက ဆားကွင်းများပျက်စီး

    -

    အချိန်အခါမဟုတ် ရွာသွန်းသည့်မိုးကြောင့် မွန်ပြည်နယ်အတွင်းက နေလှန်းဆားကွင်းများ ပျက်စီးပြီး ဆားထုတ်လုပ်ငန်းများလည်း ရပ်နားထားရသည်ဟု ပြည်နယ်အတွင်းရှိ ဆားတောင်သူတို့ထံမှ သိရသည်။

    မွန်ပြည်နယ်တွင် နိုဝင်ဘာဒုတိယအပတ်မှစကာ မိုးဆက်တိုက်ရွာသွန်းနေခြင်းကြောင့် နေလှန်ဆားကွင်းများ ပျက်စီးကာ ဆားဆက်လက်ထုတ်လုပ်မှုလုပ်ငန်းပါ ရပ်ထားရသည်ဟု ဆားတောင်သူတို့က ပြောသည်။

    “မိုးရွာနေတော့ ဆားထုတ်လုပ်လို့မရဘူးပေါ့ နေ့တိုင်းရွာနေတယ်ဆိုတော့ ဆားတွေ နေလှမ်းလို့မရသေးဘူး” ဟု သံဖြူဇရပ်မြို့နယ် ပငကျေးရွာမှ ဆားလုပ်ငန်းရှင် နိုင်ဟုက ပြောသည်။

    လုပ်အားခကုန်စျေးနှုန်း၊ သွင်းအားစုစျေးနှုန်းကြောင့် ယခုနှစ်တွင် ဆားထုတ်လုပ်သည့် ကျန်ကျစရိတ်ကြီးမားနေသည်ဟုလည်း ဆားလုပ်ငန်းရှင်တို့ထံမှ သိရသည်။

    “ဒီနှစ်ကတော့ ကုန်စျေးနှုန်းကြောင့် လုပ်အားခတွေကလည်း စျေးမြင့်သွားတယ်၊ ဒီဇယ်စျေးကလည်း မနှစ်ကထက် ၂ ဆ ၃ ဆလောက်တက်သွားတယ်၊ ဒီနှစ်ကတော့ အရင်းအနှီးများတယ်” ဟုလည်း နိုင်ဟု ဆက်ပြောသည်။

    ယခုအခါ မိုးရွာသွန်းမှုကြောင့် ဆားကွင်းများပျက်စီးပြီး ပြန်လည်လုပ်ကိုင်ရသည့်အတွက် ကုန်ကျစရိတ် ထပ်မံကုန်ကျရမည်ဖြစ်ကြောင်းလည်း ဆားလုပ်ငန်းရှင်တို့က ပြောသည်။

    ပြီးခဲ့သည့် နှစ်နှစ်ဆက်တိုက်ကလည်း ရာသီဥတုဖျက်စီးမှုကြောင့် မွန်ပြည်နယ်အတွင်းက နေလှမ်းဆားလုပ်ငန်း ပျက်စီးကာ ဆားအထွက် ထက်ဝက်သာရရှိခဲ့သည်ဟုလည်း ဆားလုပ်ငန်းရှင်တို့က ပြောသည်။

    မွန်ပြည်နယ်တွင် ဆားထုတ်လုပ်မှုလုပ်ငန်းကို မိုးကုန်သည့် စက်တင်ဘာလလယ်ခန့်တွင် စတင်လုပ်ကိုင်ကြပြီး ဒီဇင်ဘာ ဇန်နဝါရီလခန့်တွင် ဆားကြမ်းစတင်ထုတ်လုပ်ကြသည်။

    မွန်ပြည်နယ်တွင် နေလှန်းဆားကို ပေါင်၊ သံဖြူဇရပ်နှင့် ရေးမြိုနယ်တို့တွင် ထုတ်လုပ်ပြီး နှစ်စဥ် ဆားကြမ်းတန်ချိန် သိန်းနှင့်ချီ ထုတ်လုပ်နေသည်ဟု ဆားလုပ်ငန်းရှင်တို့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks