spot_img
Thursday, February 19, 2026
More
    spot_img
    Homeသတင်း(နောက်ဆက်တွဲသတင်း) ကျိုက်မရောမြို့နယ် တောင်ကလေးတိုက်ပွဲကြောင့် အရပ်သား ၂ ဦး သေဆုံး၊ ကလေးအပါအဝင် ၈ ဦးဒဏ်ရာရ

    (နောက်ဆက်တွဲသတင်း) ကျိုက်မရောမြို့နယ် တောင်ကလေးတိုက်ပွဲကြောင့် အရပ်သား ၂ ဦး သေဆုံး၊ ကလေးအပါအဝင် ၈ ဦးဒဏ်ရာရ

    -

     မွန်ပြည်နယ် ကျိုက်မရောမြို့နယ် တောင်ကလေးကျေးရွာတွင် ယနေ့တိုက်ပွဲကြောင့် ဒေသခံအရပ်သား ၂ ဦး သေဆုံးပြီး ကလေးအပါအဝင် ထိခိုက်ဒဏ်ရာရရှိသူ ၈ ဦးရှိကြောင်း ကူညီကယ်ဆယ်ရေးသူတွေထံမှ သိရသည်။

    ယနေ့နံနက်ပိုင်း ၄ နာရီခွဲအချိန်တွင် မုဒုံ-ကြာအင်းဆိပ်ကြီးလမ်းမပေါ် တောင်ကလေးရွာထိပ်ရှိ မြန် မာစစ်တပ် ခမရ-၂၀၈ ဝင်ရောက်နေရာယူထားသည့် ရဲစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားပြီး စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှုအပါအဝင် မုဒုံမြို့နှင့် အဘစ်ကျေးရွာ အခြေစိုက် အမြောက်တပ်ရင်းမှလည်း လက်နက်ကြီးများဖြင့် လှမ်းပစ်ခတ်မှုကြောင့် ဒေသခံအရပ်သားများ သေဆုံးထိခိုက်ခဲ့ခြင်းဖြစ်သည်။

    ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူ ဒေသခံတစ်ဦးက"လက်နက်ထိမှန်သွားတဲ့ (တောင်ကလေး) ရွာသားတစ်ဦးနှင့် အခြားရွာက တစ်ဦး သေဆုံးခဲ့တယ်၊ နောက်ပြီးတော့ ရွာက ကလေးငယ်တစ်ဦးနှင့် လူကြီးပိုင်း ၇ ဦးလည်း ကျည်ထိပြီးတော့ ဒဏ်ရာရထားကြတယ်၊ သူတို့ကိုတော့ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးဆီ ပို့ပေးထားတယ်၊ ဒီညနေပိုင်းမှာ တိုက်ပွဲအခြေအနေ ငြိမ်းနေတယ်" ဟု  ပြောသည်။

    ယနေ့ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် စစ်ကောင်စီ နှင့်တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ဘက်ကလည်း ထိခိုက်ကျဆုံးမှုများရှိနိုင်ကြောင်း ဒေသခံတို့က ခန့်မှန်ပြောဆိုနေကြသော်လည်း လွတ်လပ်သော မွန်သတင်းအေဂျင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

    ထို့အပြင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုကြောင့် တောင်ကလေးရွာအပါအဝင် အနီးတဝိုက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူ ထောင်နှင့်ချီ  မုဒုံ၊ ကျွန်းရွာနှင့် ချောင်းနှစ်ခွဘက်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး ဘုန်းကြီးကျောင်းတစ်ကျောင်းအပါအဝင် လူနေအိမ်များ ပျက်စီးမှုများ ရှိကြောင်း သိရသည်။

    "ဒီလိုမျိုးတိုက်ပွဲပြင်းထန်တာ တစ်ခါမှ မကြုံဖူးဘူး၊ မနက်ပိုင်းကနေ နေ့လည်ပိုင်းအထိ တိုက်လေယာဥ် သုံးပြီးတော့ ပစ်တယ်၊ နောက် အဘစ်၊ မုဒုံ အမြောက်တပ်ကနေလည်း လှမ်းပစ်တယ်၊ ဆိုတော့ ထိခိုက်ကျဆုံးမှုတော့ ရှိမှာပဲ" ဟု တောင်ကလေးကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

    လက်ရှိအခြေအနေအရ တိုက်ပွဲကြောင့် မုဒုံ-ကြာအင်းဆိပ်ကြီးလမ်းမကြီးများတွင် ပုံမှန်ဖြစ်သော်ငြာလည်း ခရီးသွားလာသူ နည်းပါးလျှက်ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks