Monday, April 6, 2026
More
    spot_img
    Homeသတင်းHIV ဝေဒနာရှင်တွေ ဆေးထုတ်ယူရန် ပိုမိုခက်ခဲလာ

    HIV ဝေဒနာရှင်တွေ ဆေးထုတ်ယူရန် ပိုမိုခက်ခဲလာ

    -

    သွားလာရေးအခက်အခဲများကြောင့် HIV ဝေဒနာရှင်များ ဆေးလာရောက်ထုတ်ယူရန် ပိုမိုခက်ခဲလာကြောင်း မွန်ပြည်နယ်အတွင်းရှိ HIV အရေး ကူညီဆောင်ရွက်ပေးနေသူတို့ထံမှ သိရသည်။

    စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ဆေးမှုများ တင်းကြပ်လာသည့်အပြင် ဒေသအချို့တို့တွင် တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် လုံခြုံရေးအရ ခရီးသွားလာရန် ခက်ခဲသည့်အတွက် လူနာများ ဆေးလာထုတ်ယူရန် အခက်ခဲရှိ‌နေကြောင်း HIV အရေး ကူညီဆောင်ရွက်ပေးနေသည့် တာဝန်ခံ အမျိုးသမီးက ပြောသည်။

    “အရင်ကဆို သူတို့ဆေးယူရမယ့်ရက်ဆို လိုက်ပို့ပေးတယ်။ ဆရာဝန်နဲ့ တွေ့လို့အဆင်ပြေအောင်စီစဉ်ပေးတယ်။ အခုကျတော့ ဆေးယူရမယ့်ရက်ရောက်တာတောင် သူတို့မလာနိုင်ကြဘူး” ဟု မော်လမြိုင်မြို့နယ်မှ HIV အရေး ကူညီဆောင်ရွက်ပေးနေသည့်အဖွဲ့အစည်းတစ်မှ တာဝန်ခံ အမျိုးသမီးက ပြောသည်။

    ယခင်က သွားလာရေးခက်ခဲ‌သော မြို့နယ်၊ ကျေးရွာများသို့ ဆေးပို့ဆောင်ပေးခြင်းများ ကူညီပေးခဲ့သော်လည်း လက်ရှိတွင် စစ်ဆေးမှုနှင့် နယ်မြေလုံခြုံမှု မရှိသောကြောင့် ပို့ဆောင်ပေးမည့်သူ မရှိဖြစ်နေကြောင်း တာဝန်ခံ အမျိုးသမီးက ဆက်ပြောသည်။

    မော်လမြိုင်မြိုနှင့် အနီးနားက သွားလာရလွယ်ကူသော မြို့နယ်တို့မှ လူနာများသာ လာရောက်ထုတ်ယူနိုင်ပြီး ပစ်ခတ်မှုတွေ မကြာခနဖြစ်ပွားလေ့ရှိသည့် ရေးမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်တို့မှ လူနာများ ဆေးလာရောက် မထုတ်ယူနိုင်ကြောင်း လိင်လုပ်သားများကို HIV အသိပညာပေးဆောင်ရွက်နေသူ မော်လမြိုင်မြို့မှ အမျိုးသားတစ်ဦးက ပြောသည်။

    “ကျွန်တော်တို့အဖွဲ့က ဆေးရုံမှာသွားယူဖို့ခက်ခဲတဲ့လူတွေကိုဆို ရုံးမှာ ထုတ်ထားပေးတယ်။ သူတို့ကလာယူပေါ့။ တစ်ချို့က ဆေးရုံမသွားချင်ကြဘူးလေ။ အဲတော့ ကျွန်တော်တို့က ထုတ်ပေးထားတယ်။ အခုအချိန်မှာတော့ ရုံးထိကို လာဖို့ တကယ်ခက်ခဲတဲ့လူတွေရှိတယ်။ ရေးက အဆိုးဆုံးပဲ။ မလာနိုင်ကြဘူး”ဟု ၎င်းက ဆိုသည်။

    လာရောက်မထုတ်ယူနိုင်သည့် လူနာများအတွက် ကားဖြင့် တင်ဆောင်ပေးသော်လည်း အချိန်မီ မရောက်သောကြောင့် လူနာများအတွက် ဆေးသောက်ချိန် ပျက်ကွက်နေရကြောင်းလည်း ဆက်ပြောသည်။

    မော်လမြိုင်ဆေးရုံကြီးတွင် ဆေးလာရောက်ထုတ်ယူရန် ကျိုက်ထို၊ ဘီးလင်း၊ ရေးမြိုနယ်က လူနာများအပြင် မြဝတီ၊ ကော့ကရိတ်နှင့် ရေဖြူမြိုနယ်ဘက်က လူနာများလည်း အခက်အခဲရှိနေကြောင်း HIV အရေး ဆောင်ရွက်နေသည့် အရပ်ဖက်အဖွဲ့အစည်းများမှ သိရသည်။

    မွန်ပြည်နယ်တွင် HIV/AIDS နှင့် ပတ်သက်ပြီး အစိုးရဆေးရုံ၊ ဆေးပေးခန်းများအပြင် IOM, Marie Stopes Myanmar အစရှိသည့် NGO, INGO အဖွဲ့အစည်းတို့က လုပ်ဆောင်နေသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,400SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks