spot_img
Thursday, February 19, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ်က ရော်ဘာခြံအလုပ်သမားတစ်ဦး ပစ်ခတ်ခံရ

    ရေးမြို့နယ်က ရော်ဘာခြံအလုပ်သမားတစ်ဦး ပစ်ခတ်ခံရ

    -

    Photo : ဆေးရုံသို့ ရောက်ရှိလာသည့် လူနာ။

    မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း လိမ္မော်ခြံကျေးရွာရှိ ရော်ဘာခြံတစ်ခုတွင် အလုပ်လုပ်နေသည့် ရွေ့ပြောင်း အလုပ်သမားတစ်ဦးကို စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံတစ်ဦးထံမှ သိရသည်။

    လိမ္မော်ခြံကျေးရွာရှိ ရော်ဘာခြံတစ်ခုတွင် လုပ်ကိုင်နေသည့် အသက် ၃၆ နှစ်အရွယ် အလုပ်သမားအမျိုးသားကို စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က နိုဝင်ဘာ ၁၂ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။

    အဆိုပါ အမျိုးသားသည် ရော်ဘာခြံတွင် တည်ရှိနေစဥ် စစ်ကောင်စီတပ်တို့က ရောက်ရှိလာခဲ့ပြီး

    “စစ်တပ်က ခြံထဲရောက်လာပြီးတော့ သူ့ရဲ့သားကိုခေါ်တာ၊ သူက သူ့သားမှာ ဘာအပြစ်မရှိဘူး သားကို မခေါ်ပါနဲ့လို့  အဖေက ပြောတယ်၊ တပ်ကလည်း သားကိုခေါ်မရလို့ အဖေဖြစ်သူကိုခေါ်တယ်၊ အသွားနှေးတယ်ဆိုပြီး တပ်က သေနတ်နဲ့ ပစ်လိုက်တယ်” ဟု ဒေသခံတစ်ဦးက ​ပြောသည်။

    သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် အဆိုပါခြံအလုပ်သမား၏ ပခုံးတွင် ကျည်ဖောက်ဝင် ဒဏ်ရာရရှိခဲ့သည်ဟုလည်း သိရသည်။

    သေနတ်ဖြင့် ပစ်ခံရသည့် ခြံအလုပ်သမားသည် စစ်ကိုင်တိုင်းဒေသကြီးမှဖြစ်ပြီး ရေးမြို့နယ်၊ လိမ္မော်ခြံကျေးရွာတွင် ရော်ဘာခြံအလုပ်သမားအဖြစ် ၃ နှစ်ကျော်ကြာ လာရောက်လုပ်ကိုင်နေသူဖြစ်သည်။

    ကျည်ဖောက်ဝင်ဒဏ်ရာရရှိသွားသည့် ခြံအလုပ်သမားကို လူမှုကူညီကယ်ဆယ်ရေးအသင်းအကူအညီဖြင့် လမိုင်းဆေးရုံမှတစ်ဆင့် မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှုခံယူနေရသည်။

    ရေးမြို့နယ်အတွင် စစ်ကောင်စီတပ်တို့မှ ဒေသခံပြည်သူတို့ကို မကြာခဏ ပစ်ခတ်လေ့ရှိပြီး အသက်သေဆုံးသွားရသူတွေလည်း ရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks