spot_img
Thursday, February 19, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်မြို့  ပစ်ခတ်မှုတွင် စစ်ကောင်စီဘက်က ၂ ဦးသေဆုံးပြီး၊ PDF ၅ ဦး ဖမ်းဆီးခံရ

    မော်လမြိုင်မြို့  ပစ်ခတ်မှုတွင် စစ်ကောင်စီဘက်က ၂ ဦးသေဆုံးပြီး၊ PDF ၅ ဦး ဖမ်းဆီးခံရ

    -

    Photo : စစ်ကောင်စီမှ အာဏာသိမ်းပြီး မော်လမြိုင်မြို့ တွင် ဆန္ဒပြသော လူငယ်များ။

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဒိုက်ဝန်ကွင်းနယ်မြေ ဇေယျာသီရိရပ်ကွက် (၃) တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုတွင် စစ်ကောင်စီဘက်က ၂ ဦး သေဆုံးပြီး၊ လက်နက်များနှင့်အတူ အထူးမြေအောက်လှုပ်ရှားမှုအင်အားစု အမည်ရှိ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့  (PDF) မှ တပ်ဖွဲ့ဝင် ၅ ဦး ဖမ်းဆီးခံရကြောင်း သိရသည်။

    မော်လမြိုင် ဇေယျာသီရိရပ်ကွက် ၃ ရှိ နေအိမ်တစ်အိမ်တွင် PDF တပ်ဖွဲ့ဝင်များ ရောက်ရှိနေကြောင်း သတင်းရရှိရာမှ စစ်ကောင်စီတပ်ဖွဲ့ အင်အား (၃၀၀) ခန့် တို့က  နိုဝင်ဘာ ၁၄ ရက်နေ့ ၅ နာရီခွဲအချိန်ခန့်တွင် သွားရောက်ဖမ်းဆီးစဥ် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

    “ည​က ၈ နာရီလောက်အထိကို ပစ်နေတာ၊ စက်သေနတ်နဲ့ ချတာ အသံတွေ ဆက်တိုက်ပဲ သူတို့ (စစ်တပ်)က အင်အားနဲ့လာတာ၊ သူတို့က အော်ပြီး ရပ်ကွက်က လူတွေကို အပြင်ထွက်ခိုင်း ပြောင်းခိုင်းတယ်” ဟု ရပ်ကွက်နေဒေသခံတစ်ဦးက ပြောသည်။

    စစ်ကောင်စီတပ်နှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် အထူးမြေအောက်လှုပ်ရှားမှုအင်အားစု (Special Underground Movement Force) ၏ ထုတ်ပြန်ချက်အရ အဆိုပါ ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်မှ ရဲတစ်ဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏သားဖြစ်သူတို့ သေဆုံးသွားပြီး ၎င်းတို့ဘက်က အမျိုးသမီးတစ်ဦးအပါအဝင် ၅ ဦး လက်နက်ငယ် ၃ လက်နှင့်အတူ ဖမ်းဆီးခံရသည်ဟု ထုတ်ပြန်ထားသည်။

    စစ်ကောင်စီဘက်က အင်အား ၃၀၀ ခန့်နှင့် လက်နက်ကြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ပိတ်ဆို့ခံရသဖြင့် ၎င်းတို့ တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခံရသည်ဟုလည်း ထုတ်ပြန်ထားသည်။

    ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရပ်ကွက်တစ်ခုလုံးအပြင် မြို့အဝင်အထွက်နေရာတွေကို စစ်ကောင်စီက ပိတ်ဆို့ထားခဲ့သော်လည်း ယနေ့နံနက်ပိုင်းမှာတော့ ပြန်ဖွင့်ပေးလိုက်သည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။ စစ်ကောင်စီဘက်ကတော့ မော်လမြိုင်ပစ်ခတ်မှုမှာ PDF ၆ ဦး ဖမ်းဆီးရမိသည်ဟု ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks