spot_img
Thursday, February 19, 2026
More
    spot_img
    Homeသတင်းစစ်ကောင်စီ ပြင်ဆင်လိုက်သည့် အမျိုးသားပညာရေးဥပဒေသည် မဟာလူမျိုးကြီးဝါဒ အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း ဝေဖန်ခံနေရ

    စစ်ကောင်စီ ပြင်ဆင်လိုက်သည့် အမျိုးသားပညာရေးဥပဒေသည် မဟာလူမျိုးကြီးဝါဒ အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း ဝေဖန်ခံနေရ

    -

    Photo : မွန်အမျိုးသားကျောင်းတကျောင်းမှ ကျောင်းသူကျောင်းသားများ

    စစ်ကောင်စီက ပြင်ဆင်ပြဌာန်းလိုက်သည့် အမျိုးသားပညာရေးဥပဒေသည် မဟာလူမျိုးကြီးဝါဒကို အကောင်အထည်ဖော်ပြီးတိုင်းရင်းသားတို့၏ မိခင်ဘာသာစကား စာပေနှင့် ယဉ်ကျေးမှု ပပျောက်သွားအောင် လုပ်ဆောင်နေသည် ဆိုပြီး ဝေဖန်ခံနေရသည်။  

    အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ ပြဌာန်းချက်တစ်ခုကို စစ်ကောင်စီက အောက်တိုဘာ ၂၉ ရက်နေ့က ထုတ်ပြန်လာခဲ့သည်။  စစ်ကောင်စီပြင်ဆင် ပြဌာန်းလိုက်သည့် အမျိုးသားပညာရေးဥပဒေ ပုဒ်မ ၄၃၊ ပုဒ်မခွဲ(ခ) တွင် မြန်မာဘာသာစကားတစ်ခုတည်းကိုသာ စာသင်ခန်းသုံးဘာသာစကားအဖြစ် အသုံးပြုရမည်ဆိုပြီး  ပြင်ဆင်ထားခြင်းဖြစ်သည်။

    မူလက ပြဌာန်းထားသည့် အမျိုးသားပညာရေးဥပဒေပုဒ်မ ၄၃၊ ပုဒ်မခွဲ(ခ) တွင် အခြေခံပညာအဆင့်တွင် လိုအပ်ချက်ရှိလျှင် တိုင်းရင်းသားဘာသာစကားကို မြန်မာဘာသာစကားနှင့်အတူ သင်ကြားမှုဘာသာစကားအဖြစ် တွဲဖက်အသုံးပြုနိုင်သည်ဟု ပါရှိသည်။

    “ပုဒ်မ ၄၃ နဲ့ ပတ်သက်ပြီး အရင်ကပါတာက လိုအပ်ချက်ရှိရင် တိုင်းရင်းသားဘာသာစကားကို ဗမာဘာသာစကားနဲ့တွဲပြီးတော့ ကျောင်းသုံးဘာစကားအနေနဲ့ သုံးလို့ရတယ် အဲဒါကို လျှော့လိုက်တယ် ဗမာဘာသာစကားနဲ့သာ သင်ကြားရမယ်၊ ဒါကို ကျနော်တို့ သဘောမကျဘူး၊ ဒီလိုလုပ်လို့မရဘူး၊ ဒါက ကျနော်တို့ကို အတင်းအကြပ်ဖြစ်စေတယ် ပြီးတော့  တိုင်းရင်းသားတွေကနေ အကြံဥာဏ်ယူထားတာလဲမရှိဘူး ကိုယ့်စိတ်ကြိုက် ပြင်တာ လုပ်တာကတော့ ပုံစံမကျဘူး” ဟု မွန်အမျိုးသားပညာရေးကော်မတီ နိုင်ရော့ဂကောင်းက ပြောသည်။

    ၎င်းပြင် ပုဒ်မ ၄၄ တွင်လည်း မူလပြဌာန်းချက်တွင် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်များတွင် တိုင်းရင်းသားစာပေနှင့် ဘာသာစကား သင်ကြား သင်ယူမှုကို သက်ဆိုင်ရာတိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဥ်ဖြင့်  အခြေခံပညာမူလတန်းအဆင့်မှစတင်၍ အကောင်အထည်ဖော်ပြီး အဆင့်ဆင့်တိုးချဲ့ဆောင်ရွက်နိုင်သည်ဟု ပြဌာန်းထားသည်။

    စစ်ကောင်စီက ပုဒ်မ ၄၄ ပါ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်များတွင် တိုင်းရင်းသားစာပေနှင့် ဘာသာစကား သင်ကြား သင်ယူမှုကို သက်ဆိုင်ရာတိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဥ်ဖြင့်  အခြေခံပညာမူလတန်းအဆင့်တွင် ဆောင်ရွက်နိုင်သည်ဟု ပြင်ဆင်ပြဌာန်းလိုက်သည်။

    စစ်ကောင်စီ ပြင်ဆင်ပြဌာန်းလိုက်သည့် အမျိုးသားပညာရေးဥပဒေအပေါ် ဝေဖန်ခံနေရပြီး ဥပဒေပါ ပြဌာန်းချက်သည် ဗမာမဟုတ်သော တိုင်းရင်းသားလူမျိုးများ၏ မိခင်ဘာသာစကားကို ပပျောက်စေရန် ရည်ရွယ်ချက်ဖြင့် လူမျိုးကြီးဝါဒဆန်စွာလုပ်ဆောင်နေသည်ဟု ရခိုင်ပြည်ကျောင်းသားသမဂ္ဂက ထုတ်ပြန်ထားသည်။

    ဖက်ဒရယ်ပညာရေးစနစ်ကို အကောင်အထယ်ဖော်သောအားဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် ဒေသများတွင် ၎င်းတို့ ၏ သက်ဆိုင်ရာ အမျိုးသားကျောင်း ထူထောင်ကာ မိခင်စကားအခြေပြု ပညာရေးစနစ်ကို အကောင်အထယ်ဖော်နေသည်။

    မွန်ပြည်သစ်ပါတီထိန်းချုပ်ရာဒေသနှင့် အချို့ သောမွန်ကျေးရွာများတွင် မွန်အမျိုးသားကျောင်းများ ထူထောင်ကာ မွန်ဘာသာစကားကို အဓိကထား သင်ကြားမှု ပြုလုပ်နေပါသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks