spot_img
Saturday, March 7, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင် အကောင်အထည်ဖော်မည့် ဧရာမစီမံကိန်းလုပ်ငန်းများ ဖြစ်နိုင်မည်လော။

    မွန်ပြည်နယ်တွင် အကောင်အထည်ဖော်မည့် ဧရာမစီမံကိန်းလုပ်ငန်းများ ဖြစ်နိုင်မည်လော။

    -

    မြေသိမ်းရန် စီစဉ်ထားသည့် ဧရာမစီမံကိန်းနေရာ၊ မုဒုံမြို့နယ်၊ မွန်ပြည်နယ်။ Source: HURFOM

    နစက စစ်ကောင်စီဥက္ကဌ ကိုယ်တိုင် ညွန်ကြားထားသည့် မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်း ၄၆၀၀ ဧကကျော် သိမ်းဆည်း အကောင်အထည်ဖော်မည့် နိုင်ငံတကာအဆင့်မီလေဆိပ်နှင့် ဆိပ်ကမ်းစီမံကိန်းများ မြေပြင်တွင် လုပ်ငန်းဆောင်ရွက်ထားခြင်းမရှိ ကြောင်း ဒေသခံတို့ထံမှ သိရ ပြီး စီမံကိန်းအောင်မြင်ရန် အခြေအနေ အလွန်နည်းပါးကြောင်း ကျွမ်းကျင်သူများမှ သုံးသပ်သည်။

    မွန်ပြည်နယ် မုဒုံမြို့နယ်၊ ကော့ပရံနှင့် ဘလောက်ညောင်ဝိုင်းကျေးရွာအနီးက မြေဧရိယာ ၄၆၀၀ ဧကကျော် ကို သိမ်းဆည်းပြီး နိုင်ငံတကာအဆင့်မီလေဆိပ်နှင့် ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ရန် နစက စစ်ကောင်စီဥက္ကဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်မှ ၂၀၂၁ ခုနှစ် နှောင်းပိုင်းတွင် ညွှန်ကြားထားပြီး မြေသိမ်းကော်မတီတစ်ရပ်ကို ဖွဲ့ စည်းကာ မြေများ အဓမ္မသိမ်းဆည်းရန် စီစဉ်ထားခဲ့သည်။

    စီမံကိန်းသတ်မှတ်ထားသည့်မြေဧရိယာအတွင်း ဒေသခံ မွန်လူမျိုး ပြည်သူတို့၏ အိမ်ခြံမြေများ၊ ရာဘာခြံများနှင့် လယ်ယာမြေများပါဝင်ပြီး ၎င်းအတွက် လျော်ကြေးပေးသွားမည်ဟု စစ်ကောင်စီဘက်က ပြောဆိုထားသည်။ သို့ရာတွင် လယ်ယာမြေများအတွက် တစ်ဧကလျင် လျော်ကြေးငွေမည်မျှပေးမည်ကို စစ်ကောင်စီဘက်က မသတ်မှတ်ရသေးဘူးလို့လည်း သိရသည်။

    သို့သော်လည်း မြေပြင်တွင် ယနေ့အထိ လုပ်ငန်းဆောင်ရွက်ခြင်းမရှိသလို လယ်ယာမြေများအတွက် လျော်ကြေးပေးမည့်ကိစ္စကိုလည်း စစ်ကောင်စီဘက်က လာရောက်ညှိနှိုင်းခြင်းမရှိသေးဘူးလို့ ဒေသခံတစ်ဦးက ပြောသည်။

    “အခုဟာက သူတို့က ဘာမှလုပ်ဆောင်တာ မရှိဘူးလေ။ ကျွန်တော်တို့ လယ်သမားတွေနဲ့ တွေ့ပြီးတော့ လက်မှတ်ထိုးထားတာလောက်ပဲ ရှိတယ်။ လျော်ကြေးပိုင်းတွေ ဘာမှမလာသေးဘူး” ဟု အဆိုပါ ဒေသခံက ဆိုသည်။

    အဆိုပါ စီမံကိန်းနေရာရှိ လယ်ယာမြေများသည် တစ်ဧကလျှင် ကျပ် ၄၅ သိန်းဝန်းကျင် ပေါက်ဈေးရှိ‌နေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    “ဘာမှ ကန့်သတ်တာ၊ သတ်မှတ်တာ မရှိသေးဘူး။ ညီမတို့ဆီမှာရှိတဲ့ မြေပုံကြမ်းလောက်ပဲရှိသေးတယ်။ လယ်ဘယ်နှစ်ဧကပါမယ်။ ဘယ်လောက်ပါမယ်ဆိုတာ လယ်သမားတွေ ဘာမှမသိထားရသေးဘူး” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

    လက်ရှိအချိန်အထိ စီမံကိန်းနှင့် ပတ်သက်ပြီး ဒေသခံတို့အား လာရောက်ရှင်းပြထားခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်း တစ်စုံတစ်ရာမရှိသေးဘူးလို့လည်း ဒေသခံတို့က ပြောသည်။

    “ဒီစီမံကိန်းကတော့ ဟို ဟံသာဝတီလေဆိပ်တို့ ထားဝယ်ရေနက်ဆိပ်ကမ်းတွေလို ဖြစ်သွားမယ်။ ဧရာမစီမံကိန်းဆိုတော့ကာ နိုင်ငံခြားအရင်းအနှီးမြှပ်နှံမှု မရှိရင်တော့ မလုပ်နိုင်ဖူး။ ဒီလိုပဲ မြေတွေသိမ်းထား၊ ဈေးနှိမ့်ပြီးတော့ ဝယ်ထား၊ နောက်ပြီး အရင်းအနှီးလာချမယ့်သူကို ရောင်းမယ်ပေါ့။ မြေက ဒီတိုင်းပဲ သိမ်းပြီးတော့ အလဟဿ ဖြစ်သွားမယ်၊ ပျက်သွားမယ်။ သဘာဝပတ်ဝန်းကျင်လည်း ပျက်စီးသွားနိုင်ပါတယ်။"ဟု ၎င်းစီမံကိန်းသုံးသပ်သူက ပြောသည်။

    ယခုစီမံကိန်းသည် အမေရိကန် ဒေါ်လာသန်းထောင်ပေါင်းများစွာ ကုန်ကျမည့် စီမံကိန်းဖြစ်သည့်အတွက် လက်ရှိစစ်ကောင်စီအနေနှင့်သော်လည်းကောင်း နောင်တက်လာမည့် အစိုးရကသော်လည်းကောင်း ရေရှည် အရင်းနှီးမြှပ်နှံရန် မလွယ်ကူကြောင်း၊ ပြည်ပ အရင်းအနှီးများစွာ ထွက်ခွာနေသည့်အတွက် ယခုဧရာမစီမံကိန်းမှာ အောင်မြင်ရန် မလွယ်ကူကြောင်း စီမံကိန်းသုံးသပ်သူ လူထုအခြေပြုအဖွဲ့ အစည်းခေါင်းဆောင်တဦးမှ ဆိုသည်။

    ၎င်းစီမံကိန်းအတွက် မြေယာသိမ်းဆည်းမှု ပြုလုပ်ရာတွင် ပွင့်လင်းမြင်သာမှုမရှိပဲ အချို့ သော မုဒုံမြို့ နယ်ရာအတွင်းရှိ ပြည်သူများမှ မိမိတို့ ၏ အိမ်မြေ ရာဘာခြံမြေများ သိမ်းဆည်းမှုအပေါ် မိမိတိုံ့ ဆန္ဒသဘောထားမပါပဲ ရယူခြင်း ဖြစ်ကြောင်း လူမူကွန်ရက် စာမျက်နှာတွင် ပြောဆိုမှုများ ရှိသည်။

    အာဏာသိမ်း စစ်ကောင်စီက အကောင်အထည်ဖော်မည့် နိုင်ငံတကာအဆင့်မီလေဆိပ်နှင့် ဆိပ်ကမ်းစီမံကိန်းအပေါ် လူထုအကြား ၀ေဖန်ခံနေရသည့်အပြင် မွန်ပြည်နယ် လွတ်တော်ကိုယ်စားပြုကော်မတီကလည်း အဆိုပါစီမံကိန်းသည် လူတစ်စုကောင်းစားရေးအတွက်သာဖြစ်ပြီး တရားဝင်အစိုးရမဟုတ်သည့်အတွက် စီမံကိန်းလည်း တရားမဝင်ဘူးလို့ ဇူလိုင်လက ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks