Monday, March 16, 2026
More
    spot_img
    Homeသတင်းကျုံလောင်းရွာဟောင်းအနီးတွင် ကုန်တင်ကားတစ်စီး မီးရှို့ခံရ 

    ကျုံလောင်းရွာဟောင်းအနီးတွင် ကုန်တင်ကားတစ်စီး မီးရှို့ခံရ 

    -

    အောက်တိုဘာ ၂၇၊ ၂၀၂၂ (လွတ်လပ်သော မွန်သတင်းအေဂျင်စီ)

    ယနေ့ (အောက်တိုဘာလ ၂၇) နံနက် ၁၀ နာရီအချိန် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းအကျော် ဘိုကလေးကျောင်းအနီး၌ ကုန်တင်ယာဥ်တစ်စီး မီးရှို့ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရှိရပြီး ၎င်းမီးရှို့ မှုကို ရေးဘီးလူးလက်နက်ကိုင်အဖွဲ့ မှ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ၎င်းတို့ ၏ လူမူစာမျက်နှာတွင် ဖော်ပြထားသည်။

    ကားမီးရှို့မှုကို ရေးဘီလူးအဖွဲ့က လုပ်ဆောင်ခြင်းဖြစ်ပြီး ထိုကုန်တင်ကားပိုင်ရှင်ကုမ္မဏီမှာ စစ်တပ်နှင့် စီးပွားရေးအကျိုးတူပူးပေါင်းနေသောကြောင့်  အရေးယူခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ 

    အဆိုပါကားသည် မွန်ပြည်နယ်ရှိ ထုတုံးတင်သွင်းသည့် ကုမ္ပဏီတစ်ခုမှဖြစ်ပြီး ကုမ္ပဏီအမည်ကို မသိရသေးကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ လွတ်လပ်သော မွန်သတင်းအေဂျင်စီမှ ထိုကုမ္မဏီအမည်အား ရှာဖွေသော်လည်း မတွေ့ ရှိသေးပါ။ အဆိုပါကုမ္မဏီအား ဆက်သွယ်နိုင်ခြင်း မရှိသေးပေ။

    “ကုမ္ပဏီနာမည်ကိုတော့ကျွန်တော်တို့မသိရသေးပါဘူး။သူတို့က အထပ်သားစက်ရုံတွေကို ထုတုံးတွေတင်သွင်းတယ်။နောက်ပြီး သစ်သားထုတ်တဲ့စက်ရုံတွေနဲ့လည်း လုပ်တယ်လို့ သိရတယ်။ကားသမားတော့လွတ်တယ်။ ပြန်လွှတ်ပေးလိုက်တာတဲ့” ဟု ဒေသခံတစ်ဦးက လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောသည်။ 

    ရေးဘီလူးအဖွဲ့မှ ထုတ်ပြန်ထားသော ရုပ်သံဖိုင်အရ အဆိုပါကား၏ အရှေ့ပိုင်းမှာ မီးလောင်ကျွမ်းနေပြီး ဆီများ ဖောက်ချခံထားရသည်ကို တွေ့ရသည်။

    ရေးဘီလူးအဖွဲ့က အဆိုပါကုမ္ပဏီကို ယခင်ကသတိပေးမှုများလုပ်ဆောင်ခဲ့သော်လည်း ဆက်လက်လုပ်ကိုင်နေသည့်အတွက်အရေးယူခြင်းဖြစ်ပြီး မွန်ပြည်နယ်အတွင်းရှိ စစ်တပ်နှင့် စီးပွားရေးဆက်စပ် အလုပ်လုပ်နေသော လုပ်ငန်းရှင်များကို သတိပေးခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ 

    ရေးမြို့နယ် (စစ်ကောင်စီမှ ရေးခရိုင်အဖြစ် သတ်မှတ်ပြီး) အုပ်ချုပ်ရေးအဖွဲ့အစည်းများက ရေးဘီလူးအဖွဲ့အား ဖမ်းဆီးနိုင်သူကို ထိုက်ထိုက် တန်တန် ဆုချီးမြှင့်မည်ဟု ပြီးခဲ့သည့်နှစ်ကတည်းက ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks