spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းကချင်လွတ်လပ်ရေးအဖွဲ့ KIO နေ့ အထိမ်းအမှတ် ဗုံးကြဲတိုက်ခိုက်မှုအတွက် မွန်နိုင်ငံရေးနှင့် လက်နက်ကိုင် အဖွဲ့ တို့ မှ အပြင်းအထန် ရှုံ့...

    ကချင်လွတ်လပ်ရေးအဖွဲ့ KIO နေ့ အထိမ်းအမှတ် ဗုံးကြဲတိုက်ခိုက်မှုအတွက် မွန်နိုင်ငံရေးနှင့် လက်နက်ကိုင် အဖွဲ့ တို့ မှ အပြင်းအထန် ရှုံ့ ချ

    -

    အောက်တိုဘာလ (၂၅) ရက်၊ ၂၀၂၂ (လွတ်လပ်သော မွန်သတင်းအေဂျင်စီ)

    ယနေ့ အောက်တိုဘာ ၂၅ ရက်နေ့ တွင် ကျရောက်သည့် ၆၂ နှစ်မြောက် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နေ့ အကြို အောက်တိုဘာ (၂၃) ရက်နေ့ ည ဖားကန့် တပ်မဟာ (၉) ဒေသတွင် ဂီတဖျော်ဖြေပွဲကျင်းပနေစဉ် နစက စစ်ကောင်စီ ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် လူ (၈၀) ခန့် သေဆုံးပြီး အများအပြား ဒဏ်ရာရသည့် အကြမ်းဖက်သည့် လုပ်ရပ်အပေါ် ပြည်နယ်အခြေပြု မွန်ပြည်ကြားကာလပူးပေါင်းဆောင်ရွက်ရေးကော်မီတီ (Mon State Interim Coordinating Committee – MSICC) အပြင်းအထန် ရှုံ့ချကြောင်း မနေ့ က ၎င်းတို့ မှ ထုတ်ပြန်သည်။

    ထုတ်ပြန်ကြေငြာချက်တွင် တိုင်းရင်းသားပြည်သူများပေါ် ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုသည် နိုင်ငံတကာလူ့ အခွင့်ရေးဥပဒေအား ချိုးဖောက်သည့် လူသားအမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု (Crimes Against Humanity) နှင့် စစ်ရာဇဝတ်မှု (War Crime) များ ဖြစ်ပြီး ထိုလုပ်ရပ်အပေါ် MSICC မှ အပြင်းအထန် ရှုံ့ချသည်ဟု ဖော်ပြထားသည်။

    "ဒီစစ်ကောင်စီရဲ့ လုပ်ရပ်ကတော့ ကျနော်တို့ တိုင်းရင်းသား အပြစ်မဲ့ ပြည်သူတွေကို တိုက်ခိုက်တာဖြစ်တယ်။ စစ်ကောင်စီက နိုင်ငံတကာဥပဒေ စစ်စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာဖူး။ ဒါက နစက အကြမ်းဖက်စစ်ကောင်စီဟာ စစ်ရာဇဝတ်အမှုတွေ အကြိမ်ကြိမ် ကျူးလွန်နေတယ်၊ ဒါကို ကမ္ဘာကလဲသိတယ်။ ဒီအပြစ်မှုအတွက် နိုင်ငံတကာခုံရုံးက အရေးယူပေးဖို့ တိုက်တွန်းပါတယ်"ဟု MSICC ခေါင်းဆောင်တဦးလည်း ဖြစ်သူ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ကာကွယ်ရေးဒု-ဝန်ကြီး နိုင်ကောင်းရွတ်မှ လွတ်လပ်သော မွန်သတင်းအေဂျင်စီသို့ ပြောကြားသည်။

    ကချင်ပြည်သူများအပေါ် ယခုကဲ့သို့ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုအပေါ် အပြစ်မှုကျူးလွန်သည့် နစကစစ်ကောင်စီ လေတပ်အရာရှိအား အရေးယူပေးရန် ကုလသမဂ္ဂမှ တိုက်တွန်းထားသည်။ တချိန်တည်းတွင် အခြားသော နိုင်ငံရေးအဖွဲ့ အစည်းဖြစ်သည့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် နိုင်ငံတကာအစိုးရများမှလည်း နစက စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်အပေါ် ရှုံ့ ချသည်။

    ၎င်းအပြင် မွန်လက်နက်ကိုင်အဖွဲ့ တဖွဲံ့ ဖြစ်သည့် မွန်ပြည်ကာကွယ်ရေးတပ် – တောင်ပိုင်း (Mon State Defense Force-South) မှလည်း စစ်အာဏာရှင်စနစ် ရှိနေသမျှ ကာလပတ်လုံး တိုင်းရင်းသားပြည်သူများ အတိဒုက္ခရောက်နေမည် ဖြစ်သည့်အတွက် စစ်အာဏာရှင်အား ပူးပေါင်းတိုက်ခိုက်တိုက်ပွဲဝင်ကြရန် တိုက်တွန်းထားသည်။

    ကချင်လွတ်လပ်ရေးအဖွဲ့ KIO သည် ကချင်ပြည်သူတို့ ၏ လွတ်မြောက်ရေး၊ အမျိုးသားတန်းတူရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ၁၉၆၀ ခုနှစ်ကတည်းက ထူထောင်ခဲ့သည်။ ၁၉၉၃ တွင် ယခင် နဝတစစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်သော်လည်း ၂၀၁၁ ခုနှစ် သမတဦးသိန်းစိန် အစိုးရလက်ထက်တွင် အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်ခဲ့သည်။ ၂၀၂၁/ ၂၀၂၂ နွေဦးတော်လှန်ရေးတွင် ဗမာလူငယ် ပြည်သူ့ ကာကွယ်ရေးတပ်များကို သင်တန်းပေးပြီး လက်နက်ကိုင်တော်လှန်ရေးအတွက် ပံ့ပိုးပေးသည့် အဓိကအဖွဲ့ အစည်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks