spot_img
Sunday, February 22, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်မြို့နယ်အတွင်း စက်သုံးဆီဆိုင်တစ်ချို့ အရောင်းအဝယ်ရပ်ထား

    မော်လမြိုင်မြို့နယ်အတွင်း စက်သုံးဆီဆိုင်တစ်ချို့ အရောင်းအဝယ်ရပ်ထား

    -

    လွတ်လပ်သော မွန်သတင်းအေဂျင်စီ

    မြန်မာနိုင်ငံတွင် နိုင်ငံတကာငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့ (FATF) မှ မြန်မာနိုင်ငံအား အမည်မည်းစာရင်းသွင်းပြီး ဒေါ်လာဈေးနှုန်းတက်သွားခြင်းနှင့် အတူ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်အတွင်း အောက်တိုဘာ ၂၃ ရက်မနက်ပိုင်းတွင် စက်သုံးဆီဆိုင်တစ်ချို့ အရောင်းအဝယ်ရပ်နားထားကြောင်း သိရသည်။

    Read more: မော်လမြိုင်မြို့နယ်အတွင်း စက်သုံးဆီဆိုင်တစ်ချို့ အရောင်းအဝယ်ရပ်ထား

    နိုင်ငံအတွင်း ဒေါ်လာဈေးနှုန်း ပြောင်းလဲခြင်းနှင့်အတူ ကုန်ပစ္စည်းဈေးနှုန်း အပြောင်းအလဲရှိနေသောကြောင့် အရောင်းအဝယ်ကို ခဏရပ်နားထားခြင်းဖြစ်ကြောင်း မော်လမြိုင်မြို့ မောင်ငံရပ်ကွက်မှ စက်သုံးဆိုင် ပိုင်ရှင်တစ်ဦးက ပြောသည်။

    “မရောင်းရဲသေးတာ။ ဈေးက ဘယ်လိုအတက်အကျ ရှိမလဲ မသိသေးတော့။ ခဏရပ်ထားတာ။ အခြေအနေငြိမ်ရင်တော့ ပြန်ရောင်းမှာပါ” ဟု ၎င်းက ပြောသည်။

    အောက်တိုဘာ ၂၂ ရက်တွင် အောက်တိန်း 92 တစ်လီတာ ၂၀၃၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာ ၂၁၃၀ ကျပ်၊ ဒီဇယ် တစ်လီတာ ၂၆၃၅ ကျပ် နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၂၇၁၅ ကျပ် ဈေးရှိခဲ့သည်။

    မွန်ပြည်နယ် မော်လမြိုင်မြို့ အတွင်း စက်သုံးဆီဆိုင်များ အရောင်းအဝယ်ရပ်ထားသောကြောင့် ဆီထည့်ရန် ဆိုင်ရှာရ ခက်ခဲနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

    “မနက်ထဲက ဆီထည့်ဖို့သွားတာ မရောင်းဘူးဆိုတော့ ဆီဆိုင်လိုက်ရှာလိုက်တာ နှံ့သွားတာပဲ။ လမ်းဘေးဆိုင်မှာပဲ ဖြည့်လိုက်ရတယ်”ဟု ၎င်းက ပြောသည်။

    တချိန်တည်းတွင် ပြင်ပဆိုင်ငယ်များတွင် ဆီဈေးနှုန်းများ မြှင့်တင်ရောင်းချမှုလည်း ရှိသည်။ လက်ရှိတွင် လမ်းဘေးဆိုင်များတွင် ရေသန့်ဗူးဖြင့်ထည့်ထားသော ဆီတစ်ဗူး ၄၀၀၀ ကျပ်ဖြင့် ဝယ်ယူနေရကြောင်း ဆက်ပြောသည်။

    ပြီးခဲ့သည့် စက်တင်ဘာလအတွင်း အောက်တိန်း 92 တစ်လီတာ ၂၁၄၀ ကျပ်၊ အောက်တိန်း 95 တစ်လီတာ ၂၂၂၀ ကျပ်၊ ဒီဇယ် တစ်လီတာ ၂၅၇၅ ကျပ် နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၂၆၆၀ ကျပ် ပေါက်ဈေးရှိခဲ့သည်။

    နစက စစ်ကောင်စီမှ လွန်ခဲ့သည့် ဖေဖော်ဝါရီလ ၂၀၂၁ ခုနှစ်မှ အာဏာသိမ်းပြီးနောက် စက်သုံးဆီဈေးနှုန်း ဒေါ်လာဈေးနှုန်း တဖြည်းဖြည်းဖြင့် တက်လာခဲ့ပြီး ယခင်အာဏာသိမ်းသည့်က အချိန်နှင့် နှိုင်းယှဉ်ပါက ယခုအခါတွင် စက်သုံးဆီဈေးနှုန်း (၃) ဆ တက်လာပြီး စက်သုံးဆီရှားပါးမှုလည်း မကြာခဏ ကြုံတွေ့ရပါသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks