Homeသတင်းမွန်ပြည်သစ်ပါတီအနေဖြင့် ၂၀၀၈ ခြေဥကို လက်မခံပါက နိုင်ငံရေးလမ်းကြောင်းအသစ်ကို ရှာဖွေရန်လိုအပ်

မွန်ပြည်သစ်ပါတီအနေဖြင့် ၂၀၀၈ ခြေဥကို လက်မခံပါက နိုင်ငံရေးလမ်းကြောင်းအသစ်ကို ရှာဖွေရန်လိုအပ်

-

အောက်တိုဘာလ ၁၇ ရက်၊ ၂၀၂၂၊ 

လွတ်လပ်သောမွန်သတင်းအေဂျင်စီ 

မွန်ပြည်သစ်ပါတီသည် ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကို လက်မခံသော အဖွဲ့ အစည်းဖြစ်သော်လည်း စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသည် ၂၀၀၈ ဖွဲ့ စည်းပုံ ပြင်ဆင်ရေးကိုသာ ဦးတည်နေသည့်အတွက် ခြေမကျွံမိရန်နှင့် အခြားနိုင်ငံရေးလမ်းကြောင်းအသစ်တရပ်ကို ရွေးချယ်ရန် လိုအပ်မည်ဟု မွန်နိုင်ငံရေးသုံးသပ်သူများမှ အကြံပြုထားပါသည်။ 

Read more: မွန်ပြည်သစ်ပါတီအနေဖြင့် ၂၀၀၈ ခြေဥကို လက်မခံပါက နိုင်ငံရေးလမ်းကြောင်းအသစ်ကို ရှာဖွေရန်လိုအပ်

"ကျနော်သိရသလောက်တော့ မွန်ပြည်သစ်ပါတီက ၂၀၀၈ ခြေဥကို လက်မခံဖူး။ ၂၀၀၈ ဖွဲ့ စည်းပုံကို ပြင်ဖို့ ဆိုရင် အချိန်တွေ အများကြီး ပေးရပါလိမ့်မယ်။ မွန်ပြည်သစ်ပါတီက လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်းဖြစ်တယ်။ ပြည်တွင်းနိုင်ငံရေးပါတီ မဟုတ်တော့၊ အခြားနိုင်ငံရေးနည်းလမ်းသစ်တခုကိုတော့ အခြားတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်းတွေနဲ့ တွေ့ ပြီးတော့ အဖြေရှာရမယ်ထင်ပါတယ်" ဟု တိုင်းရင်သားလူမျိုးများရေးရာစင်တာ၏ အမူဆောင်ဒါရိုက်တာ ဒေါက်တာပညာမွန်မှ လွတ်လပ်သောမွန်သတင်းအေဂျင်စီသု့ိ ပြောဆိုသည်။ 

မွန်နိုင်ငံရေးအဖွဲ့ အစည်းနှင့် မွန်လူထုအဖွဲ့ အစည်းများ (၁၀) ဖွဲ့ မှ စစ်ကောင်စီအား သွားရောက်တွေ့ ဆုံခြင်း မပြုရန် တောင်းဆိုသော်လည်း အောက်တိုဘာလ (၁၁) ရက်နေ့ တွင် မွန်ပြည်သစ်ပါတီမှ ဒု-ဥက္ကဌ နိုင်အောင်မင်းမှ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ မှ စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ကာ နစကဥက္ကဌ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်။ 

မွန်ပြည်သစ်ပါတီမှ အောက်တိုဘာလ ၁၅ ရက်နေ့ ထုတ်ပြန်ကြေညာချက်တရပ်တွင် ဒုတိယကြိမ် တွေ့ဆုံဆွေးနွေးပွဲတွင် နိုင်ငံရေးပြဿနာအား နိုင်ငံရေးအရ ဖြေရှင်းရန်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီမိုကရေစီအင်အားစုများ ပါဝင်သည့် ကျယ်ပြန့် သည့် နိုင်ငံရေးဆွေးနွေးပွဲတရပ် ကျင်းပရန် နစကစစ်ကောင်စီအား တောင်းဆိုထားသည်။ တချိန်တည်းတွင် ၂၀၀၈ ခြေဥပြင်ဆင်ရေးအတွက် ဇယား (၁) နှင့် ဇယား (၂) ကိစ္စရပ်များနှင့် ယခင်ပင်လုံညီလာခံမှ ပြည်ထောင်စုသဘောတူညီချက်ကိစ္စရပ်များသည် လက်ရှိတည်ဆဲဥပဒေနှင့် ကိုက်ညီမှု ရှိ/မရှိ မေးမြန်းခဲ့သည်ဟု ဆိုသည်။ 

"ကျနော့် အနေနဲ့ နည်းနည်းဇဝေဇဝါ ဖြစ်နေပါတယ်။ ၂၀၀၈ ဖွဲ့ စည်းပုံအကြောင်း သွားဆွေးနွေးတာလား။ ငြိမ်းချမ်းရေးကိစ္စလားတော့ မသိဖူး။ ၂၀၀၈ အရဆိုရင်တော့ ကျနော်တို့  ဖက်ဒရယ်ပြည်ထောင်စုကိုတော့ ဦးတည်မှာတော့ မဟုတ်ဖူး။ မွန်ပြည်သစ်ပါတီ ခြေကျွံသွားမှာ စိုးတယ်" ဟု အခြားသုံးသပ်သူတဦးက ဆိုသည်။ 

လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းကို လုပ်ဆောင်သည့်အခါ ငြိမ်းချမ်းရေးလုပ်ငန်းဦးဆောင်မှုအဖွဲ့ (PPST) ၏ ဆောင်ရွက်ချက်များမှာ မအောင်မြင်ခြင်း၊ တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရေးစာချုပ် (NCA) မအောင်မြင်ခြင်းနှင့် စစ်ကောင်စီ၏ ၂၀၀၈ ခိုင်မြဲႝရေးကို ဦးတည်သည့် ငြိမ်းချမ်းရေးဆောင်ရွက်မှုများကြောင့် မွန်ပြည်သစ်ပါတီမှ အခြားစစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို ဦးတည်သည့် နိုင်ငံရေးလမ်းကြောင်းကို ရွေးချယ်သင့်ကြောင်း နိုင်ငံရေးသုံးသပ်သူ ဒေါက်တာပညာမွန်မှ အကြံပြုထားသည်။ 

မွန်ပြည်သစ်ပါတီသည် ၁၉၅၈ ခုနှစ်ကတည်းက မွန်အမျိုးသားလွတ်မြောက်ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ဖွဲ့ စည်းထားသည့် တော်လှန်ရေးအဖွဲ့ အစည်းဖြစ်ပြီး ၁၉၉၅ ခုနှစ်ကတည်းက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိကာ ၂၀၁၈ ခုနှစ်တွင် NCA ကို လက်မှတ်ရေးထိုးပြီး ပင်လုံညီလာခံငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပါဝင်ခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts