spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းချောင်းဆုံမြို့နယ် ကျေးရွာအချို့တွင် မြေပြိုကျမှုဖြစ်ပွားပြီး နေအိမ် ၆ လုံး ပျက်စီး

    ချောင်းဆုံမြို့နယ် ကျေးရွာအချို့တွင် မြေပြိုကျမှုဖြစ်ပွားပြီး နေအိမ် ၆ လုံး ပျက်စီး

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ သြဂုတ် ၁၇)

    မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ကျေးရွာအချို့တွင် ယနေ့ (ဩဂုတ်လ ၁၇ ရက်) နံနက်(၂)နာရီခန့်က မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြေပြိုကျလာပြီး နေအိမ် ၆ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံတစ်ဦးထံက သိရသည်။

    ချောင်းဆုံမြို့နယ် ကလော့ကျေးရွာ ကလော့တောင်စောင်းမြေနံရံ ပြိုကျမှုကြောင့် အုပ်ချုပ်ရေးမှူးရုံး ၁ လုံးနှင့် နေအိမ် ၄ လုံး ပျက်စီးသွားကြောင်း သိရသည်။

    “အပြိုင်ကျေးရွာမှာ မနေ့က မြေပြိုတယ်။ ဒီမနက်လည်း ထပ်ပြိုတယ်။ ကလော့နဲ့ အပြိုင်ရွာက တောင်ခြေမှာ ဖြစ်နေတော့ မိုးများတိုင်း မြေပြိုနေကြပါပဲ။ လူထိခိုက်ဒဏ်ရာမရှိပါဘူး” ဟု ၎င်းက ပြောသည်။

    အလားတူ ကဒါကျေးရွာတွင် မြေပြိုကျမှုကြောင့် လူနေအိမ် ၂ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ထို့အတူ ကွမ်းရိုက်ကျေးရွာ ဝေဠုဝန်ကျောင်း အနောက်တောင်နံရံတွင်လည်း မြေပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

    အဆိုပါ မြေပြိုကျမှုကြောင့် နေအိမ်ပျက်စီးဆုံးရှုံးသွားသည့် မိသားစုဝင်များကို ဘေးလွတ်ရာသို့ ယာယီ ပြောင်းရွှေ့နေထိုင်ရေးစီစဉ်ဆောင်ရွက်ထားကြောင်း အုပ်ချုပ်ရေးမှူးရုံးနှင့် နေအိမ် ၆ လုံး ပျက်စီးဆုံးရှုံးမှု စုစုပေါင်းတန်ဖိုးမှာ ကျပ်သိန်း ၄၀၀ ကျော်ခန့်ဖြစ်ကြောင်း သိရသည်။

    ယမန်နေ့ ဩဂုတ် ၁၆ ရက်ကလည်း ပေါင်မြို့နယ် အလှပ်ကျေးရွာတွင် လေဆင်နှာမောင်း တိုက်ခတ်၍ လူနေအိမ် ၁၀ လုံးနှင့် ဆေးပေးခန်း ပျက်စီးမှုများလည်း ရှိခဲ့သည်။

    Topics; #ချောင်းဆုံမြို့နယ် #မြေပြိုမှု #နေအိမ်ပျက်စီး 

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks