Homeသတင်းသံဖြူဇရပ်မြို့နယ်တွင် ကားကြိတ်ခံရသည့် ပိုင်ရှင်မဲ့ အမျိုးသားတစ်ဦး ရုပ်အလောင်းတွေ့ရှိ

သံဖြူဇရပ်မြို့နယ်တွင် ကားကြိတ်ခံရသည့် ပိုင်ရှင်မဲ့ အမျိုးသားတစ်ဦး ရုပ်အလောင်းတွေ့ရှိ

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ သြဂုတ် ၁၆)

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ရွာသာအေးကျေးရွာ သံဖြူဇရပ် – ရေး လမ်းမကြီးအပေါ်တွင် ယနေ့ (ဩဂုတ် ၁၆ ရက်) နံနက် ၇ နာရီအချိန်ခန့်က ကားကြိတ်ခံထားရသည့် ပိုင်ရှင်မဲ့အမျိုးသား တစ်ဦး ရုပ်အလောင်းတွေ့ရှိခဲ့ကြောင်း စေတနာရှင်လူမူကယ်ဆယ်ရေးအသင်းထံက သိရသည်။

အဆိုပါ အမျိုးသားမှာ အသက် ၃၅ အရွယ်ခန့်ရှိ ကားကြိတ်သွားထားသည်ဟု ယူဆရသည့်

 ဦးခေါင်းပေါက်ပြီး ဦးနှောက်ထွက်ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သိရသည်။

လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ” ကျနော်တို့ဆီ  ၆ နာရီခွဲလောက်က သတင်းရောက်လာတယ်။ သူအလောင်း တစ်လောင်းပဲ လမ်းပေါ်မှာတွေ့တယ်။ သူဒဏ်ရာကတော့ ခေါင်းခေါင်းပေါက်ပြီး ဦးနှောက်ထွက်ပြီးတော့  ဦးခေါင်းခွံ ကွဲသွားတယ်ပေါ့” ဟု ၎င်းက ပြောသည်။

အဆိုပါ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦး၏ ပြောပြချက်အရ လူသေဆုံးမှုဖြစ်ပွားခဲ့သည့် နေရာမှာ လူသွားအလားနည်းပြီး လူနေအိမ်တစ်လုံးမျှ မရှိကြောင်း သိရသည်။

၎င်း သေဆုံးမှုမှာ ခရီးသွားပြည်သူများမှ အသင်းထံအကြောင်းကြားလာသောကြောင့်

အခင်းဖြစ်ပွားရာနေရာမှ ထိုရုပ်အလောင်းအား သွားရောက်သယ်ဆောင်ပေးခဲ့ရကြောင်း သိရသည်။

လူမူကယ်ဆယ်ရေးအဖွဲ့က “သူမနက် ၄ နာရီနောက်ပိုင်းလောက်ဖြစ်မယ်၊ သူလမ်းလျှောက်ပြီးသွားတာပဲ သူ့အနားမှာ ဆိုင်ကယ်နဲ့ ပတ်သက်ပြီး အပိုင်းအစမတွေ့ဘူး သူဖိနပ်တောင်မပါဘူး” ဟု ၎င်းက ထပ်ပြောသည်။

ကားကြိတ်သေဆုံးသွားသည့် ပိုင်ရှင်မဲ့ အမျိုးသားရုပ်အလောင်းကို သံဖြူဇရပ်မြို့ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ စေတကူညီပို့ဆောင်ပေးခဲ့ပြီး မိသားစုဝင်များနှင့် အဆက်အသွယ် မရရှိသေးကြောင်း သိရသည်။

Topics; #သံဖြူဇရပ်မြို့နယ် #ကားကြိတ်ခံရ #အမျိုးသားတစ်ဦး #သေဆုံ

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts