spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွား

    မွန်ပြည်နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွား

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဩဂုတ် ၁၆)

    မွန်ပြည်နယ်အတွင်း ဩဂုတ်လ ၁၅ ရက်နေ့ ညနေပိုင်းမှ စတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားနေကြောင်း သိရသည်။

    ယနေ့ (ဩဂုတ် ၁၆ ရက်) မနက်ပိုင်းမှစတင်ကာ မော်လမြိုင်မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ဇေယျာမြိုင်၊ သီရီမြိုင်၊ သီရီမင်္ဂလာ၊ မြိုင်သာယာ၊ ရွှေပြည်အေး၊ ဇေယျာသီရီ နှင့် ဖက်ခင်းရပ်ကွက်တို့တွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေကြောင်း ‌ မော်လမြိုင်မြို့နယ်မှ ကယ်ဆယ်ရေးအဖွဲ့ဝင်တာဝန်ရှိသူတစ်ဦးက ပြောသည်။

    “အခုကတော့ ဇေယျာမြိုင်မှာ တော်တော်ဆိုးနေတယ်ပေါ့။ ရေတော်တော်များနေတယ်။ ကျွန်တော်တို့ကတော့ အခု အဲဒီကို ရောက်နေတယ်”ဟု ၎င်းက ပြောသည်။

    မိုးဆက်လက်ရွာသွန်းနေမည်ဆိုပါက ရေထပ်တက်လာမည်စိုးရိမ်သောကြောင့် စောင့်ကြည့်နေသည့် အခြေအနေဖြစ်ကြောင်း ၎င်းက ပြောသည်။

    လက်ရှိ ရေကြီးနေသော ‌ရပ်ကွက်များတွင် နေထိုင်နေသော ပြည်သူများကို ထမင်းထုတ်ပို့ဆောင်ဖို့ စီစဉ်နေကြောင်း မော်လမြိုင်မှ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

    “အခုထိ ပြောင်းရွေ့တာတွေတော့ မလုပ်ပေးရသေးဘူး။ မနက်ထဲကနေ ရေကြီးတော့ ဆိုင်တွေပိတ်ကြတယ်လေ။ သူတို့စားဖို့သောက်ဖို့ပဲ အရင် လုပ်ပေးဖို့စီစဉ်ထားတယ်”ဟု ၎င်းက ပြောသည်။

    ထို့အပြင် ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီး တစ်လျှောက် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး အလားတူ မုဒုံ-သံဖြူဇရပ် လမ်းမတစ်လျှောက် နှီးပဒေါ-ကွမ်လှာအကြား ရေကြီးရေလျှံမှုကြောင့် ကားများ၊ ဆိုင်ကယ်များ ဖြတ်သန်းရာတွင် အန္တရာယ်ကင်းစေရန် ကယ်ဆယ်ရေးအဖွဲ့များမှ ကူညီနေကြောင်း၊ ဘီးလင်း၊ ပေါင်၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်တို့တွင်လည်း ရေကြီးရေလျှံဖြစ်ပေါ်နေကြောင်း သိရသည်။

    Topics; #မွန်ပြည်နယ် #ရေကြီး #လူမှုကယ်ဆယ်ရေး

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks