Homeသတင်းကော့ကရိတ်မြို့ပေါ် ခရိုင်ရဲမှူးရုံးနှင့် မြို့နယ်ထွေအုပ်ရုံးကို KNU/PDF ပူးပေါင်းအဖွဲ့တိုက်ခိုက် ရဲမှူးအပါအဝင်သေဆုံးမှုရှိ

ကော့ကရိတ်မြို့ပေါ် ခရိုင်ရဲမှူးရုံးနှင့် မြို့နယ်ထွေအုပ်ရုံးကို KNU/PDF ပူးပေါင်းအဖွဲ့တိုက်ခိုက် ရဲမှူးအပါအဝင်သေဆုံးမှုရှိ

-

မွန်သတင်းအေဂျင်စီ (၁၅ သြဂုတ် ၂၀၂၂)

ကရင်ပြည်နယ် ကော့ကရိတ်မြို့ပေါ်ရှိ ခရိုင်ရဲတပ်ဖွဲ့ရုံး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် မြန်မာ့စီးပွားရေးဘဏ်အား ယနေ့ (ဩဂုတ် ၁၅ ရက်နေ့) နံနက် ၁၀ နာရီလောက်ခန့်တွင် KNU/PDF ပူးပေါင်းအဖွဲ့ မော်တော်ယာဉ်နှင့် ဝင်ရောက်ပစ်ခတ်ခဲ့သဖြင့် ရဲမှူးအပါအဝင် သေဆုံးမှုများရှိကြောင်း သတင်းရရှိသည်။

ယနေ့ ဖြစ်ပွားသည့် တိုက်ပွဲအတွင်း နစကကောင်စီ လုံခြုံရေးဘက်က ရဲမှူးအပါအဝင် ၁၂ ယောက်သေဆုံးခဲ့ကြောင်း၊ လက်နက် ၆ လက်သိမ်းဆည်းရမိပြီး တရားဥပဒေအရာရှိတစ်ဦး၊ ရုံးလုပ်သားတစ်ဦးတို့ကိုပါ အရှင်ဖမ်းမိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ခဲ့သည်။

သို့ရာတွင် အဆိုပါတိုက်ပွဲတွင် ရဲ ၆ ဦး သေဆုံးကြောင်း အမည်မဖော်လိုသော ရဲအရာရှိတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။

အလားတူ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်ရှိ အင်္ဂဘိုကျေးရွာအနီး၌ ယနေ့ (သြဂုတ် ၁၅ ရက်နေ့) နံနက် ၉ နာရီခန့်က KNU/PDF ပူးပေါင်းအဖွဲ့တိုက်ခိုက်သဖြင့် ရဲတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

KNU ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင် တပ်မဟာ (၁)၊ တောင်ငူခရိုင် တပ်မဟာ (၂)၊ ညောင်လေးပင်ခရိုင် တပ်မဟာ (၃)၊ ဘိတ်−ထားဝယ်ခရိုင် တပ်မဟာ (၄)၊ ဖာပွန်ခရိုင် တပ်မဟာ (၅)၊ ဒူးပလာယာခရိုင် တပ်မဟာ (၆) နယ်မြေများအတွင်း မြန်မာစစ်တပ် နှင့် လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) တပ်များ၏ စစ်ရေးလှုပ်ရှားမှုများ စဥ်ဆက်မပြတ် လုပ်ဆောင်လာသောကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့နှင့် ရင်ဆိုင်တိုက်ပွဲ များ နေ့စဥ်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

Topics; #ကော့ကရိတ်မြို့ #ခရိုင်ရဲမှူး #မြို့နယ်ထွေအုပ်ရုံး #KNU #PDF #မြန်မာစစ်တပ်

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts