Homeသတင်းပစ္စည်းလက်ကျန်နည်းလာသောကြောင့် မြေပဲဈေးနှုန်း ထပ်မံမြင့်တက်လာ 

ပစ္စည်းလက်ကျန်နည်းလာသောကြောင့် မြေပဲဈေးနှုန်း ထပ်မံမြင့်တက်လာ 

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဩဂုတ် ၁၀)

မွန်ပြည်နယ်ဈေးကွက်အတွင်း လက်ကျန်နည်းလာသောကြောင့် မြေပဲဈေးနှုန်း ထပ်မံမြင့်တက်လာခဲ့ကြောင်း ပဲ၊ နှမ်းလုပ်ငန်းရှင် တစ်ဦးက ပြောသည်။

လက်ရှိတွင် စားသုံးဆီ ဈေးနှုန်းများ မြင့်တက်လာခဲ့သောကြောင့် မြေပဲဈေးနှုန်းများလည်း အမြင့်ဆုံးသို့ ရောက်လာကြောင်း ၎င်းက ပြောသည်။

“မြေပဲက လက်ရှိမှာက ပြည်တွင်းမှာ ဆီဈေးကောင်းနေတယ်။ မြေပဲကလည်း အသစ်ထွက်တဲ့အချိန် ဗမာနိုင်ငံမှာ မြေပဲ အသစ်ထွက်တဲ့အချိန်၊ အဟောင်းတွေက လက်ကျန် သိပ်မကျန်ဘူး။ အသစ်က ပြည်ဘက်က ထွက်တာ ပေါပေါသီသီမထွက်သေးဘူး။ ပုံမှန်ဆို မိုးပြလောက်မှ လှန်းလို့ရမှပဲ မြေပဲက ထွက်မှာဆိုတော့ လက်ကျန်အဟောင်းတွေက ၆၃၀၀ လောက် ထိ ဖြစ်သွားတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်း‌ အမြင့်ဆုံး မြေပဲဈေးနှုန်းမှာ တစ်ပိသာ ၄၀၀၀ ကျပ် ဖြစ်ကြောင်း ဆက်ပြောသည်။ ယခုနှစ် ဩဂုတ်လအတွင် မြေပဲ တစ်ပိသာ ၆၃၀၀ ကျပ်ထိ မြင့်တက်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ပြည်နယ်အတွင်း ကုန်သည်များလက်ထဲတွင် မြေပဲ လက်ကျန် နည်းလာပြီဖြစ်ကြောင်း မော်လမြိုင်၊ ဈေးကြိုမှ ကုန်သည်တစ်ဦးက ပြောသည်။

“အခုက ကျွန်တော်တို့ လက်ထဲမှာလည်း အဟောင်းက လက်ကျန်တော်တော်နည်းနေပြီ။ အဝယ်ကတော့ မရပ်သွားဘူး။ လက်ကျန်နည်းတာကြောင့်လည်း ဈေးတက်တယ်။ နောက်တစ်ချက်က ဆီကြောင့်လည်း ဈေးတက်တယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းကလည်း ပြည်တွင်း‌၌ မြေပဲကို ကုန်ကြမ်းအဖြစ်ဝယ်ယူပြီး စားအုန်းဆီထုတ်လုပ်မှု ပိုမို လုပ်ဆောင်လာကြသည့်အတွက် မြေပဲဈေးနှုန်း မြင့်တက်ခဲ့သည်။

မွန်ပြည်နယ်အတွင်း မြေပဲကို ကျိုက်ထို၊ ဘီလင်း၊ မော်လမြိုင်၊ ကျိုက်မရော နှင့် ချောင်းဆုံမြို့နယ်တို့တွင် စိုက်ပျိုးကြောင်း သိရသည်။

Topics ; #မွန်ပြည်နယ် #မြေပဲ #ဈေးနှုန်း #လုပ်ငန်းရှင်

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts