Wednesday, April 1, 2026
More
    spot_img
    Homeသတင်းမွန်မှ ရန်ကုန်သို့ တင်ပို့သော ကုန်ပစ္စည်းများ အောင်မင်္ဂလာ အဝေးပြေးဂိတ်သို့ တိုက်ရိုက်ပို့ဆောင်ရမည်

    မွန်မှ ရန်ကုန်သို့ တင်ပို့သော ကုန်ပစ္စည်းများ အောင်မင်္ဂလာ အဝေးပြေးဂိတ်သို့ တိုက်ရိုက်ပို့ဆောင်ရမည်

    -

    ‌မွန်သတင်းအေဂျင်စီ (၂၀၂၂ ဩဂုတ် ၅)

    မွန်ပြည်နယ်မှ ရန်ကုန်သို့ တင်ပို့သော ကုန်ပစ္စည်းများကို အောင်မင်္ဂလာ အဝေးပြေးရှိ ဂိတ်များကိုသာ တိုက်ရိုက်ပို့ဆောင်ရမည် ဖြစ်ကြောင်း မော်လမြိုင်မှ အဝေးပြေးယာဉ်လိုင်းလုပ်ငန်းများက သိရသည်။

    အောင်ဆန်းကွင်းရှိ ကားဂိတ်များ နှင့် ဆိုင်ခန်းများကို ပိတ်သိမ်းခိုင်းထားပြီး ကုန်ပစ္စည်းများကို အောင်မင်္ဂလာအဝေးပြေးရှိ ဂိတ်များ၌သာ လက်ခံရန် ညွှန်ကြားထားကြောင်း မော်လမြိုင်မှ အဝေးပြေးယာဉ်လိုင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။

    “ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ နိုင်ငံတော်က အောင်ဆန်းကွင်းကို အဆင့်မြင့်မလို့ဆိုပြီး ဂိတ်တွေ ဆိုင်ခန်းတွေကို ပိတ်ခိုင်းထားတယ်”ဟု ၎င်းက ပြောသည်။

    ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြိုနယ်၊ အောင်ဆန်းအားကစားကွင်းအနီးပတ်လည်တွင် ဖွင့်လှစ်ထားသော ဆိုင်ခန်းများနှင့် ကားဂိတ်များ၊ တန်ဆာလက်ခံဌာနများကို ဩဂုတ် ၄ ရက်နေ့က ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

    ရန်ကုန်အောင်ဆန်းကွင်းရှိ ယာဉ်လိုင်းခွဲဂိတ်များကို ပစ္စည်းပို့ဆောင်ခွင့်မရသောကြောင့် အခက်အခဲအနည်းငယ်ရှိနေကြောင်း မုဒုံမှ အဝေးပြေးယာဉ်လိုင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။

    “အကုန်လုံးကို အောင်မင်္ဂလာမှာပဲ လက်ခံရမယ်ဆိုတော့ customer တွေအတွက် အခက်ခဲတော့ရှိတာပေါ့။ တင်တဲ့ပစ္စည်းရဲ့ တစ်ဝက်လောက်က အောင်ဆန်းကွင်းမှာ ချပေးရတယ်လေ”ဟု ၎င်းက ပြောသည်။

    လက်ရှိတွင် ကားဂိတ်များအားလုံးက ကုန်ပစ္စည်းများကို လက်ခံမည်ဆိုပါက သေချာဖွင့်ဖောက် စစ်ဆေးပြီးမှသာ လက်ခံရန် ထပ်မံ ညွှန်ကြားထားကြောင်း သိရသည်။

    ရန်ကုန်သို့ ကုန်ပစ္စည်းပို့ဆောင်မည်ဆိုပါက အောင်မင်္ဂလာအဝေးပြေးဂိတ်နှင့် တာမွေဂိတ်များကို ပို့ဆောင်နိုင်ကြောင်း သိရသည်။

    Topics; #မွန်ပြည်နယ် #ရန်ကုန် #အဝေးပြေးယာဉ်လိုင်း #စစ်ဆေး

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,400SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks