Wednesday, April 1, 2026
More
    spot_img
    Homeသတင်းကျိုက်ထိုမြို့နယ်တွင် ဒေသခံ ၃ ဦး၏ နေအိမ်များ ချိပ်ပိတ်ခံရ

    ကျိုက်ထိုမြို့နယ်တွင် ဒေသခံ ၃ ဦး၏ နေအိမ်များ ချိပ်ပိတ်ခံရ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဩဂုတ် ၅)

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဒေသခံ ၃ ဦး၏ နေအိမ်များကို အုပ်ချုပ်ရေးအဖွဲ့နှင့် လုံခြုံရေးအဖွဲ့ဝင်များက ဩဂုတ်လ ၄ ရက်မှာ လာရောက် ချိပ်ပိတ်ခဲ့ကြောင်း သိရသည်။

    ကျိုက်ထိုမြို့ တောင်သူစုရပ်ကွက်ရှိ ကိုစံလင်း၏ နေအိမ်နှင့် ကံ့ကော်ရပ်ကွက်ရှိ ကိုအေးမင်းထွန်း ၏နေအိမ်ကို လာရောက်ချိပ်ပိတ်ခဲ့ခြင်း ဖြစ်ကြောင်း ကျိုက်ထိုမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

    “စာလည်းကပ်သွားတယ်။ အဓိကက အကြမ်းဖက်အဖွဲ့အစည်းနဲ့ ပတ်သတ်နေလို့ လာ‌ရောက် ချိပ်ပိတ်ရတာပါလို့ ပြောတယ်”ဟု ၎င်းက ပြောသည်။

    ထိုနေ့ တစ်ရက်ထဲမှာပင် သိမ်ဇရပ်မြို့ရှိ ကိုဝင်းကို၏ နေအိမ်ကို လာရောက် ချိပ်ပိတ်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

    နေအိမ် ချိပ်ပိတ်ခံရသည့် ကိုအေးမင်းထွန်းကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က)၊ ၅၀(ည) အပြင် အမှုပေါင်း ၇ မှုဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

    ကိုစံလင်းနှင့် ကိုဝင်းကို တို့ကိုလည်း ပုဒ်မ ၅၀၅ (က) အပါအဝင် အကြမ်းဖက်ပုဒ်မများဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

    အလားတူ မွန်ပြည်နယ် NLD ပါတီဥက္ကဌ ကျိုက်ထိုမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာခင်ဆောင်၏နေအိမ်နှင့် ဆေးကုခန်း၊ ပေါင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ် စားလှယ်ဟောင်း ဦးဇော်ဇော်ထူး၏ နေအိမ်၊  ဘီးလင်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ် စားလှယ်ဟောင်း ဒေါ်သီရိရတနာ၏ နေအိမ် ၂ လုံး ၊ ရေးမြို့နယ် NLD ဥက္ကဋ္ဌ ဦးကျော်မိုးအေး၏ နေအိမ်အသီးသီးတို့အား ၄င်းတို့က အကြမ်းဖက်အဖွဲ့ အစည်းနှင့် ဆက်စပ်သည်ဟုဆိုကာ နစကအာဏာပိုင်များက ချိပ်ပိတ်ခဲ့ကြောင်း သိရသည်။

    Topics; #ကျိုက်ထို #သံဖြူဇရပ် #ချိပ်ပိတ် #လုံခြုံရေးအဖွဲ့ #အကြမ်းဖက်

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,400SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks