spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းသံဖြူဇရပ်တွင် အမျိုးသမီးတစ်ဦး မောင်းနှင်လာသော ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀ ကျော် ဖမ်းမိ

    သံဖြူဇရပ်တွင် အမျိုးသမီးတစ်ဦး မောင်းနှင်လာသော ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀ ကျော် ဖမ်းမိ

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ ဩဂုတ် ၅)

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ပင စစ်ဆေးရေးဂိတ်တွင် သံဖြူဇရပ်မှ ရေးမြို့ဘက်သို့ အမျိုးသမီးတစ်ဦး‌မောင်းနှင်လာသော ယာဉ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၅၂၀၀ ပြား ဖမ်းမိခဲ့ကြောင်း CCDAC Myanmar ကဩဂုတ် ၄ ရက်က ထုတ်ပြန်ခဲ့သည်။

    ဩဂုတ် ၂ ရက် ည ၈နာရီ ဝန်းကျင်ခန့်က ဒေါ်ည မောင်းနှင်ပြီး ဒေါ်မစိန် လိုက်ပါလာသည့် Honda Fit အမျိုးအစားမော်တော်ယာဉ်ကို ပငစစ်ဆေးဂိတ်တွင် ရပ်တန့် စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၅၂၀၀ပြား (ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁၀၄ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

    ဆက်လက်စစ်ဆေးချက်များအရ ၉ နာရီဝန်းကျင်ခန့်တွင် ဒေါ်ည နေထိုင်သော သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာရှိ နေအိမ်အား၀င်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ အလေးချိန် ၂၀.၄၁၂၅ ကီလို (ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၄.၀၈၂၅ သိန်း)ရှိ ဘိန်းစာရွက် အစို များကို တွေ့ရှိသိမ်းဆည်းခဲ့ကြောင်း သိရသည်။

    အလားတူ နေအိမ်ခြံ၀င်းအတွင်း ရပ်တန့်ထားသည့် PAJERO အမျိုးအစား မော်တော်ယာဉ် ၁ စီး၊ TOYOTA SUCCEED အမျိုးအစား မော်တော်ယာဉ် ၁ စီးတို့ နှင့်အတူ အလေးချိန် ၃ ကီလို ရှိသည့် အိုက်စ်(မက်သ်အဖက်တမင်း) တို့ကို ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

    ဒေါ်ည (၄၇) နှစ်နှင့် ဒေါ်မစိန်(၅၆)နှစ်တို့ကို သံဖြူဇရပ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း CCDAC Myanmar ၏ ထုတ်ပြန်ချက်အရသိရသည်

    photo – CCDAC Myanmar

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks