spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းသံဖြူဇရပ်မြို့နယ် ထင်းရူးကျေးရွာ စျေးမီးလောင်မှုဖြစ်ပွား

    သံဖြူဇရပ်မြို့နယ် ထင်းရူးကျေးရွာ စျေးမီးလောင်မှုဖြစ်ပွား

    -

    မွန်သတင်းအေဂျင်စီ (၂၀၂၂ သြဂုတ် ၄)

    မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ထင်းရူးကျေးရွာရှိ စျေးကြီးတစ်ခုလုံး သြဂုတ် ၂ ရက်နေ့ ည ၁၁ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

    အဆိုပါ မီးစတင်လောင်၍ ၅ မိနစ်အကြာခန့်တွင် ဈေးကြီးတစ်ခုလုံးသို့ ကူးစက်လောင်ကျွမ်းခဲ့ကြောင်း အထည်ရောင်းချနေသူ မမူက ပြောသည်။

    “အိမ်နဲ့စျေးက နီးတယ်။ ထွက်ကြည့်တဲ့ အချိန်မှာ စျေး ၂ စျေးကြားမှာ မီးလောင်နေတယ်။ မီးအရှိန်မြင့်နေပြီ ဆိုင်တံခါးတောင် ဖွင့်မရတော့ဘူး။ ၅ မိနစ်လောက်ပဲ မီးလောင်မြန်တော့ စျေးတစ်ခုလုံးကုန်သွားတယ်” ဟု ၎င်းက ပြောသည်။

    ထင်းရှူးစျေးကြီးရှိ အဝတ်အထည်ဆိုင်ခန်းများ၊ စားသုံးကုန်ပစ္စည်းများ၊ ဟင်းသီးဟင်းရွက်ဆိုင်များ၊ သားငါး အရောင်းဆိုင်နှင့် ငါးခြောက်ဆိုင်များ၊ မီးလောင်ကျွမ်းပီးနောက် နံနက်အစောပိုင်းတွင် မီးအရှိန်သေ၍ ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

    မမူက ” ကျမ အထည်ရောင်းတယ်။ ပစ္စည်းထပ်တိုးထားတာလဲရှိတယ်၊ ဆိုင်မှာ အထိများဆုံးပဲ သိန်း ၃၀၀ ကျော်ထိသွားတယ်” ဟု ၎င်းက ဆက်ပြောသည်။

    ထင်းရှူးစျေးကြီးတွင် မီးလောင်မှုဖြစ်ပွားပြီးနောက် ထင်းရှူးကျေးရွာ ဥက္ကဋ္ဌက မီးသင့်သူများအား အမည်စာရင်း၊ မှတ်ပုံတင်၊ တန်းဖိုးမည်မျှ မီးသင့် စာရင်းကောက်ယူခဲ့ကြောင်း၊ ပစ်စည်းတန်းဖိုး စုစုပေါင်း ငွေသိန်း ၁၀၀၀ ကျော် မီးသင့် ဆုံးရှုံးနစ်နာခဲ့ရကြောင်း သိရသည်။

    အလားတူ သံဖြူဇရပ်မြို့နယ် ပငကျေးရွာရှိ ဘလောက်ဘုန်းကြီးကျောင်း၊ ပင်မအဆောင် သွမ်မိုးအုတ်ကာပျဉ်ခင်း၊ ပင်မ(၂)ထပ်ဆောင်တစ်ခုလုံးအား ဖေဖော်ဝါရီ ၂၂ ရက်နေ့က ဝါယာကြိုးလျှော့ဖြစ်ပြီး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

    Topics; #မြို့ #ထင်းရူးကျေးရွာ #ဈေး #မီးလောင်မှု

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks